တရုတ်လူမျိုးစားသုံးသူတွေထဲက အများစုဟာ အသီးတွေရဲ့ဘုရင်ဖြစ်တဲ့ ဒူးရင်သီးတွေကိုဝယ်လိုအားများနေတာကြောင့် ထိုင်း နိုင်ငံ၊ ရာလာပြည်နယ်တောင်ပိုင်းထဲက ထိုင်းလယ်သမားတွေဆီကနေ ဒူးရင်းသီးတွေကိုဝယ်ယူဖို့ တရုတ်ကုန်သည်တွေအနေနဲ့ စိတ်အားထက်သန်နေကြတယ်လို့သိရပါတယ်။ ထိုင်းတောင်ပိုင်းထဲကအကြီးမားဆုံးလယ်ယာထွက်ကုန်တွေရောင်းချတဲ့ တလတ် ကဆက်စ် ညဈေးတန်းတွေမှာ ဒူးရင်းသီးတွေကို အကန့်အသတ်မရှိဝယ်ယူဖို့တရုတ်ကုမ္ပဏီတွေနဲ့ ကုန်သည်တွေက ကမ်းလှမ်း ထားကြပါတယ်။

ရာလာလယ်သမားတွေဆီကနေ ဒူးရင်းသီးတွေကိုတိုက်ရိုက်ဝယ်ယူပြီး တရုတ်ပြည်မကြီးကိုတင်ပို့နိုင်ဖို့ ကုန် သည်တွေကကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ ရာလာပြည်နယ်ထွက် ဒူးရင်းသီးတွေက ထူးကဲတဲ့အရသာရှိပြီး ချိုမြိန်တယ်လို့ရာ လာပြည်နယ်စီးပွားရေးလုပ်ငန်းဥက္ကဋ္ဌ ပန်ရက်ဒ် ပို့ဒ်ပုန်းကပြောပါတယ်။ အခု(၂၀၁၈)ခုနှစ်မှာ ရာလာဒူးရင်းသီးတွေရဲ့ အထွက် နှုန်းမြင့်မားတဲ့အခြေအနေမှာရှိနေပြီး တရုတ်နိုင်ငံကဒူးရင်းသီးတွေ ၀ယ်လိုအားမြင့်နေတဲ့အခြေအနေနဲ့ထပ်တူကျခဲ့တာဖြစ်တယ် လို့လည်း ပို့ဒ်ပုန်း ကပြောပါတယ်။ ပျှမ်းမျှတွက်ချက်မှုတွေအရ ထိုင်းနိုင်ငံရဲ့အခုနှစ်မိုးရာသီမှာ တစ်နေ့ကို ဒူးရင်းသီးတန်ချိန် (၄၅)တန်လောက် ရောင်းဝယ်ဖောက်ကားခဲ့တယ်လို့သိရပါတယ်။ 

 

 

 

Related News