စက်တင်ဘာလ(၂၃)ရက်က ရေနံတင်ပို့တဲ့နိုင်ငံများအဖွဲ့(OPEC)နဲ့ (OPEC)အဖွဲ့ဝင်မဟုတ်တဲ့ရေနံတင်ပို့ရောင်းချတဲ့နိုင်ငံတွေက အယ်လ်ဂျီးရီးယားနိုင်ငံမှာ အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ အီရန်ကို အမေရိကန်ကစီးပွားရေးပိတ်ဆို့မှုကြောင့်ဖြစ်တဲ့ စိုးရိမ်မှုတွေ ဖယ်ရှားနိုင်ဖို့လည်း ကိုယ်စားလှယ်တွေကကြိုးပမ်းခဲ့ကြပါတယ်။ ရေနံအထွက်နှုန်းတိုးတက်လာရေးအတွက် ပစ်မှတ်ထားပြီးလုပ် ဆောင်ဖို့ ပြီးခဲ့တဲ့ဇွန်လကသဘောတူခဲ့ပေမဲ့ ရေနံထုတ်လုပ်သူတွေအနေနဲ့ အဲဒီသတ်မှတ်ချက်ကိုမပြည့်မီသေးဘူးလို့ကိုယ်စား လှယ်တွေကပြောပါတယ်။ ရေနံပိုထုတ်လုပ်နိုင်တဲ့နိုင်ငံတွေက ရေနံထုတ်လုပ်မှုနည်းနေတဲ့နိုင်ငံတွေနဲ့လည်း ဆွေးနွေးသွားမယ် လို့ ဆော်ဒီအာရေဗျစွမ်းအင်ဝန်ကြီး“ခါလစ်အယ်ဖာလာ”ကပြောပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံဟာ တစ်ရက်ကိုရေနံစည်(၁.၅) သန်းထုတ်လုပ်နိုင်တယ်လို့ အယ်ဖာလာကပြောပါတယ်။ အီရန်ရဲ့ရေနံထုတ်ပေးတဲ့ပမာဏကိုထိန်းထားဖို့ ကိုယ်စားလှယ်တွေက သဘောတူခဲ့ပေမဲ့ ဘယ်နိုင်ငံတွေက အထွက်နှုန်းဘယ်လောက်မြှင့်တင်မယ်ဆိုတဲ့အစီအစဉ်တွေမရှိသေးတာကြောင့် ရေနံဈေး တိုးတက်လာမှုကို ထိန်းချုပ်နိုင်မလားဆိုတာကတော့ မရှင်းလင်းသေးပါဘူး။

 

 

Related News