တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကြီးမင်းသားတစ်လက်ဖြစ်သောJoo Won နှင့် အမျိုးသမီးအဆိုတော် Boa တို့ လမ်းခွဲလိုက်ကြပြီဖြစ်ကြောင်းသိရှိရသည်။ ၄င်းတို့နှစ်ဦးသည် ၂၀၁၅ ခုနှစ်ကမိတ်ဆွေသူငယ်ချင်းများကမိတ်ဆက်ပေးမှုကြောင့် ရင်းနှီးခဲ့ကြပြီး ၂၀၁၆ ခုနှစ်တွင် ချစ်သူများအဖြစ် လက်တွဲခဲ့ကြခြင်းဖြစ်ကာယခုနှစ်၊ ဇန်န၀ါ ရီလကမှ ချစ်သူများအဖြစ် တရားဝင်ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။

လတ်တလောအနုပညာလှုပ်ရှားမှုများအရ Boa သည် Autumn Post Office အမည်ရှိရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသလို သူမပါဝင်သရုပ်ဆောင်ထား သော Produce 101 Season 2 ဖျော်ဖြေရေးအစီအစဉ်တွင်လည်း ပါဝင်ထားသည်။

လတ်တလောတွင် စစ်မှုထမ်းဆောင် နေရသည့် မင်းသားJoo Won မှာမူအနုပညာလှုပ်ရှားမှုများရပ်နားထားသေးကြောင်းသိရသည်။ Joo Won သည် ယခု နှစ် မေလ (၁၆) ရက်နေ့ကစတင်စစ်မှုထမ်းခဲ့ခြင်းဖြစ်ပြီးလာမည့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင်မှ စစ်မှုထမ်းကာလပြီးဆုံးမည်ဖြစ်သည်။ 

 

 

Related News