နာမည်ကျော် အမေရိကန် အဆိုတော်၊ တေးရေးနှင့် မင်းသမီးတစ်ဦးဖြစ်သူ ဘီယွန်စေးသည် Super Bowl 50 ပြိုင်ပွဲ၏ ဖျော်ဖြေရေးအစီအစဉ်တွင်ဖျော်ဖြေပြီးနောက် သူမ၏ကမ္ဘာလှည့်ဖျော်ဖြေရေးအစီအစဉ်ကိုကြေညာခဲ့ပါသည်။ သူမသည် မြောက်အမေရိကနှင့် ဥရောပတစ်ဝန်းရှိ အားကစားရုံများတွင် ရက်ပေါင်း (၄၀) ကြာလှည့်လည်ဖျော်ဖြေမည်ဖြစ်ပြီး ထိုဖျော်ဖြေရေးအစီအစဉ်ကို ဧပြီလ (၂၇) ရက်နေ့၌ မီယာမီတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ဇူလိုင်လ (၃၁) ရက်နေ့တွင် ဘရပ်ဆဲလ်၌ပြီးဆုံးမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဘီယွန်စေး၏ ထိုကမ္ဘာလှည့်ဖျော်ဖြေရေးအစီအစဉ်မျာအတွက် လက်မှတ်များကို ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင်စတင်ရောင်းချမည်ဖြစ်သည်။ ၂၀၁၅ ခုနှစ်တစ်ခုလုံးငြိမ်သက်နေခဲ့သည့် ဘီယွန်စေးသည် Super Bowl မတိုင်မီအကြိုညတွင် သူမ၏သီချင်းသစ် “Formation” ကိုဖြန့်ချီခဲ့ပါသည်။ ထို့ပြင် Super Bowl 50 ပြိုင်ပွဲ၏အားလပ်ချိန်တွင် ဘီယွန်စေးသည် Cold Play နှင့်အတူတွဲဖက်သီဆိုဖျော်ဖြေခဲ့ပြီး ပရိတ်သတ်၏ စိတ်ဝင်စားမှုကို သိမ်းပိုက်ရယူနိုင်ခဲ့ပါသည်။

သူမသည် Super Bowl 50 ပြိုင်ပွဲ၏ ဖျော်ဖြေရေးအစီအစဉ်တွင် သူမ၏ သီချင်းသစ် “Formation” ကိုသီဆိုဖျော်ဖြေခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက်ထုတ်လွှင့်ပြသမှုကိုလည်းပြုလုပ်ခဲ့ပါ သည်။ နယူးအော်လန်းတွင်ကျင်းပသည့် Super Bowl ဖျော်ဖော်ပွဲတွင်ဖျော်ဖြေပြီး တစ်နှစ်အကြာ ၂၀၁၄ ခုနှစ် ဘီယွန်စေး သည်ခင်ပွန်းဖြစ်သူ ဂျေးဇီးနှင့်အတူ ကမ္ဘာလှည့်ဖျော်ဖြေရေး On The Run Tour ကိုဖျော်ဖြေခဲ့ပါသည်။

 

 

Related News