တစ်နာရီတိုင်းမှာ ဆွီဒင်နိုင်ငံက အမျိုးသမီး(၁)ဦးဟာ ရင်သားကင်ဆာရောဂါဖြစ်ပွားနေပြီး ရင်သားကင်ဆာကြောင့် အမျိုးသမီး (၂၀၀၀)လောက်နှစ်စဉ်သေဆုံးနေပါတယ်။ ဒါ့ကြောင့် ရင်သားကို လိမ်းဆေးလိမ်းခြင်းအားဖြင့် ရင်သားကင်ဆာဖြစ်ပွားမှုကို ကြို တင်ကာကွယ်နိုင်မလားဆိုတာ ဆွီဒင်နိုင်ငံမြို့တော်“စတော့ဟုမ်း”မှာ ဆွီဒင်သိပ္ပံပညာရှင်တွေက စမ်းသပ်မှုတွေပြုလုပ်နေပါ တယ်။ စမ်းသပ်မှုတွေက(၆)လလောက်ကြာမြင့်မှာပါ။ ရင်ဘတ်တစ်သျူးတွေရဲ့အထူကိုလျော့ကျစေတဲ့ “တာမိုဆီဖင်”ဆေးကို  သောက်ဆေးအနေအသုံးပြုပြီး စမ်းသပ်ခဲ့ရာမှာ ရလဒ်တွေကောင်းခဲ့ပေမဲ့ အမျိုးသမီးတော်တော်များများမှာ ဘေးထွက်ဆိုးကျိုး တွေကို ခံစားခဲ့ရတာကြောင့် တာမိုဆီဖင်ကို လိမ်းဆေးအနေနဲ့ထုတ်လုပ်ပြီး စမ်းသပ်နေတာပါ။ အခုစမ်းသပ်မှုကတော့ အောင် မြင်နိုင်ချေများနေတယ်လို့ စမ်းသပ်မှုမှာပါဝင်နေတဲ့သိပ္ပံပညာရှင်တွေကပြောပါတယ်။

 

 

Related News