ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ခီရှီဒါဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး "ဆာဂေး လာရော့ဗ်" နဲ့ တိုကျိုမြို့မှာ တွေ့ဆုံပြီဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲရဲ့ ရုရှားနိုင်ငံခရီးစဉ် အခုနှစ်အစောပိုင်းမှာစတင်နိုင်ရေးအပြင် အခြားရေးရာကိစ်္စရပ်တွေကို ဆွေးနွေးလိုတယ်လို့ ခီရှီဒါက လာရော့ဗ်ကို ပြောကြားထားပါတယ်။ နှစ်နိုင်ငံငြိမ်းချမ်းရေးစာချုပ်ဆွေးနွေးနိုင်ရေးအတွက် သင့်လျော်တဲ့ပတ်ဝန်းကျင်ကောင်းဖန်တီးရာမှာ နှစ်နိုင်ငံစီးပွားရေးပူးပေါင်းလုပ်ဆောင်မှုက အဓိကခြေလှမ်းဖြစ်တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး လာရော့ဗ်က တွေ့ဆုံပွဲမှာ ပြောပါတယ်။

ဂျပန်နိုင်ငံက ပိုင်ဆိုင်တယ်လို့ပြောထားပြီး ရုရှားနိုင်ငံက ထိန်းချုပ်ထားတဲ့ ကျွန်းလေးကျွန်းပေါ်မှာ စီးပွားရေးလုပ်ငန်းတွေလုပ်ဆောင်နိုင်မယ့် အထူးအစီအစဉ်တစ်ရပ်ဖြစ်ပေါ်လာရေး ညှိနှိုင်းဆွေး နွေးမှုတွေကို စတင်ဖို့ ဂျပန်ဝန်ကြီးချုပ် အာဘဲနဲ့ ရုရှားသမ်္မတ ပူတင်တို့က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ သဘောတူညီထားပါတယ်။

တစ်ဆက်တည်းမှာပဲ ဂျပန်ကာကွယ်ရေးဝန်ကြီး တိုမိုမီ အီနာဒါနဲ့ ရုရှားကာကွယ်ရေးဝန်ကြီး "ဆာဂေး ရှုဂူ" တို့ဟာ မြောက်ကိုရီးယား နျူကလီးယားနဲ့ဒုံးကျည်အစီအစဉ်အရေး အပါအ၀င် အာရှ-ပစိဖိတ်လုံခြုံရေးကိစ်္စရပ်တွေကို ဆွေးနွေးဖို့ရှိနေပါတယ်။ ဂျပန် နိုင်ငံဟာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ပြီး နယ်မြေအငြင်းပွားမှုကို ဖြေရှင်းနိုင်ရေးအတွက်  ရုရှားနိုင်ငံနဲ့ နားလည်မှုရှိနေစေဖို့ နှစ်နိုင်ငံ ဆွေးနွေးပွဲတွေပြုလုပ်နေတာ ဖြစ်ပါတယ်။

 

Related News