ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဂျပန်နိုင်ငံရဲ့တောင်းဆိုမှုကြောင့် မြောက်ကိုရီးယား နျူကလီးယားဆွေးနွေးပွဲတွေ ပြန်စရေး အစည်းအဝေးပြုလုပ်ခဲ့ပေမဲ့ အမေရိကန်နဲ့မြောက်ကိုရီးယား သံတမန်တို့ကြား အခြေအတင်ပြောဆိုမှုကြောင့် တစ်စုံတစ်ရာတိုးတက်မှုမရှိခဲ့ပါဘူး။အမေရိကန်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံစလုံးက သံတမန်တွေဟာ လုံခြုံရေးကောင်စီမှာဝန်ကြီး အဆင့် ကျင်းပတဲ့ မြောက်ကိုရီးယား နျူကလီးယားအရေးနဲ့ ဒုံးကျည်နည်းပညာတိုးတက်အောင် လုပ်ဆောင်မှု ဆွေးနွေးပွဲမှာ စကားလုံးပြင်းပြင်းတွေ သုံးပြီး ပြောဆိုခဲ့ကြပါတယ်။
 
ဒီအစည်း အဝေးပွဲကို အခုလအတွက် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌအဖြစ်တာဝန် ယူထားတဲ့ ဂျပန်နိုင်ငံရဲ့ တောင်းဆိုမှုကြောင့် ကျင်းပတာဖြစ်ပြီး အစည်းအဝေးပွဲကို သဘာပတိအဖြစ်ဆောင်ရွက်တဲ့ ဂျပန်နိုင်ငံ ခြားရေးဝန်ကြီး တာရို ကိုနိုက ကုလသမဂ်္ဂအဖွဲ့ဝင်နိုင်ငံအားလုံးအနေနဲ့ မြောက်ကိုရီးယား ရဲ့ နျူကလီးယား လက်နက်အကောင်အတည်ဖော်မှုကို လက်မခံဘူးဆိုတာကို တညီတညွတ်တည်း သတင်းစကားပါးသင့်တယ်လို့ဆိုပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တီလာ ဆန်ကတော့ အမေရိကန်အနေနဲ့ ပြုံရမ်းနဲ့ ဆွေးနွေးတာတွေ ပြန်လုပ်ဖို့ မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်တဲ့ အပြုအမူတွေ လျှော့ချဖိုလိုအပ်တယ်လို့ဆိုပါတယ်။
 
အမေရိကန်ဟာ  ကြိုတင်သတ်မှတ်ချက်တွေ မရှိဘဲ မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲပြန်စ နိုင်တယ်လို့ မစ္စတာတီလာဆန်က အစောပိုင်းမှာ ပြောထားတာပါ။ မြောက်ကိုရီးယားသံအမတ် ဂျာဆောင်နမ် ကတော့ အမေရိကန်ဟာ နျူကလီးယား လက်နက်တိုးတက်အောင် ငွေအများဆုံးရင်းနှီးမြှုပ်နှံနေတာကြောင့် နျူကလီးယား နက်လက်ဖျက် သိမ်းရေးမှာ အမေရိကန်ကို ပထမဆုံး အပြစ်ဖို့ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ မစ္စတာလီလာတန်ကတော့ မြောက်ကိုရီးယားဘက် ကသာတင်းမာမှုတွေ မြင့်တက်အောင် လုပ်နေတာဖြစ်ပြီး မြောက်ကိုရီးယားက နျူကလီးယားလက်နက်ပိုင်ဆိုင်မှာကို လက်ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
 
 
 

Related News