ဇူလိုင်လ(၁၀)ရက်မှာ ထိုင်းနိုင်ငံက သန်လမ်ဂူထဲကနေကယ်ထုတ်နိုင်ခဲ့တဲ့ မိုပါးအ လယ်တန်းကျောင်းဘောလုံးအသင်းကစားသမား(၁၂)ဦးနဲ့သူတို့ရဲ့နည်းပြဖြစ်သူတို့ ဆေးရုံမှာကုသမှုခံနေတဲ့ရုပ်သံကို ထိုင်းအစိုး ရရဲ့ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ဖော်ပြခဲ့ပါတယ်။ ဇူလိုင်လ(၁၀)ရက်ညပိုင်းမှာ ရေလွှမ်းနေတဲ့သန်လမ်ဂူထဲကနေ အဲဒီ(၁၃)ဦးကို ကယ်ထုတ်ပြီးနောက် သူတို့ကိုဆေးကုသမှုပေး နေတဲ့မြင်ကွင်းတွေကို ဇူလိုင်လ(၁၁)ရက်ညပိုင်းက ထိုင်းအစိုးရပြည်သူ့ဆက်ဆံရေးဌာနတွစ်တာစာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ ထိုင်းရေတပ်ကလည်း (၃)ရက်တာကယ်ဆယ်ရေးလုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ရုပ်သံဖိုင်ကို သူတို့ရဲ့Facebookစာမျက်နှာမှာတင်ခဲ့ပါတယ်။

ဂူထဲကထွက်လာခဲ့တဲ့အချိန်မှာ မှောင်မဲပြီးလမ်းတွေကျဉ်းသလို ရေအောက်ထဲကဖြတ်သွားရတာကြောင့် ကြောက်လန့်ခဲ့ ကြတဲ့အတွက် သူ့တို့ကိုစိတ်ငြိမ်ဆေးထိုးပေးခဲ့ရတယ်လို့ ကယ်ဆယ်ရေးသမားတွေကပြောတယ်ဆိုပြီး သတင်းတွေမှာဖော်ပြနေ ပါတယ်။ ပြီးခဲ့တဲ့ဇွန်လ(၂၃)ရက်မှာ သူတို့(၁၃)ဦးသန်လမ်ဂူထဲကို အလည်အပတ်သွားခဲ့ကတည်းက သူတို့နဲ့အဆက်အသွယ် ပြတ်ခဲ့ပြီး ဇူလိုင်လ(၂)ရက်မှာသူတို့ကိုပြန်တွေ့ခဲ့ပါတယ်။

သူတို့ကိုအပြင်ပြန်ထုတ်ရေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဇူလိုင်လ(၈)ရက်မှာ စလုပ်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ထိုင်းနိုင်ငံကာသာမက တရုတ်၊ မြန်မာ၊ လာအို၊ သြစတေးလျ၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့က လူ(၁၀၀၀)ကျော်ပါဝင်ခဲ့ပါတယ်။ ကယ်ဆယ်ရေးမှာပါဝင်ခဲ့တဲ့ ထိုင်းရေတပ်ရေငုပ်သမားဟောင်း တစ်ဦးကတော့ ပိတ်မိနေသူတွေဆီ အောက်ဆီဂျင်ပို့ပြီးအပြန်မှာ အောက်ဆီဂျင်ပြတ်ခဲ့တာကြောင့် ဇူလိုင်လ(၆)ရက်က သေဆုံး ခဲ့ပါတယ်။ 

 

 

Related News