ဂရမ်းစလန်းပြိုင်ပွဲတွေထဲမှာ နှစ်တစ်နှစ်ရဲ့ တတိယမြောက်ပြိုင်ပွဲဖြစ်တဲ့ ၀င်ဘယ်ဒန်ချန်ပီယံလိဂ်ပြိုင်ပွဲ ဟာ ဆီးမီးဖိုင်နယ်အဆင့်ထိရောက်ရှိနေပြီး အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှာ နာမည်ကြီးကစားသမား(၂)ဦးဖြစ်တဲ့ ဂျိုကိုဗစ်နဲ့ ရာဖေးလ်နာဒယ်တို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ (၂၀၁၆)ခုနှစ်နောက်ပိုင်း ဂရမ်းစလန်းအောင်မြင်မှုတွေနဲ့ ဝေးကွာနေပြီး ကမ္ဘာ့အဆင့်(၂၁)နေရာမှာရပ် တည်နေတဲ့ ဂျိုကိုဗစ်ဟာ ယခုနှစ်ဝင်ဘယ်ဒန်မှာ နိုင်ခြေအဆင့်(၁၂)သာသတ်မှတ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ ပြိုင်ပွဲ တလျောက် အကောင်းဆုံးလက်စွမ်းတွေကို ပြလည်ပြသခဲ့ပြီး ယခုလိုဆီမီးဖိုင်နယ်ထိပြန်လည်တက်ရောက်ခဲ့ တာဖြစ်ပါတယ်။ဂျိုကိုဗစ်ယခုလို ဂရမ်းစလန်းပြိုင်ပွဲတစ်ခုမှာဆီးမီးဖိုင်နယ်ထိတက်ရောက်တာဟာ (၂၀၁၆)ခုနှစ် က US အိုးပင်းမှာ ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်တက်ရောက်နိုင်တာဖြစ်ပါတယ်။ သူဟာယခုနှစ်ဝင်ဘယ်ဒန်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာ နိုင်ခြေအဆင့်(၂၄)သတ်မှတ်ခံထားရတဲ့ ဂျပန်မှ နီရှီကိုရီ ကို ၆ - ၃ ၊ ၃ - ၆ ၊ ၆ - ၂ ၊ ၆ - ၂ နဲ့ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဆီးမီးဖိုင်နယ်မှာတော့ ဂျိုကိုဗစ်ဟာ ပြိုင်ဘက် ဟောင်း ရာဖေးလ်နာဒယ်နဲ့တွေ့ဆုံနေပြီးသူ့ရဲ့အကောင်းဆုံးလက်စွမ်းတွေ ဆက်လက်ပြသမလားဆိုတာစောင့် ကြည့်ရမှာဖြစ်ပါတယ်။

ဂျိုကိုဗစ်နဲ့ ရာဖေးလ်နာဒယ်တို့ရဲ့နောက်ဆုံးတွေ့ဆုံမှု(၂)ကြိမ်မှာတော့ ရာဖေးလ်နာဒယ် က အနိုင်ရရှိခဲ့ပြီး နောက်ဆုံးဂရမ်းစလန်းပြိုင်ပွဲထိပ်တိုက်တွေ့ဆုံမှုအဖြစ် (၂၀၁၄)ပြင်သစ်အိုးပင်းဗိုလ်လုပွဲတွေ့ ဆုံရာမှာလည်း ရာဖေးလ်နာဒယ်ကပဲ အနိုင်ရရှိခဲ့ပါတယ်။ ရာဖေးလ်နာဒယ်ကတော့ ယခုနှစ်ဝင်ဘယ်ဒန်မှာ နိုင်ခြေအဆင့်(၂)အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ကွာတားဖိုင်နယ်မှာ အာဂျင်တီးနားမှ ဒယ်ပိုထရို ကို ခက် ခက်ခဲခဲ နဲ့ ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။ သူဟာ ယခုနှစ် ပြင်သစ်အိုးပင်းမှာလည်း ဗိုလ်စွဲထားသူဖြစ်ပြီး လက်ရှိ ၀င်ဘယ်ဒန်မှာလည်း နိုင်ခြေအဆင့်(၁) ရော်ဂျာဖက်ဒါးရား ကွာတားဖိုင်နယ်မှထွက်ရချိန်မှာ ဗိုလ်စွဲဖို့ရေးပန်း အစားဆုံးကစားသမားအဖြစ်ရပ်တည်နေတာ ဖြစ်ပါတယ်။ နောက်ထပ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ရော်ဂျာဖက် ဒါးရားကို ကျော်ဖြတ်ခဲ့တဲ့ ကီဗင်အန်ဒါဆန်နဲ့ အမေရိကန်မှ ဂျွန်အစ္စနာတို့တွေ့ဆုံနေတာ ဖြစ်ပါတယ်။

 

 

 

Related News