ဇူလိုင်လ(၂၇)ရက်က တရုတ်နိုင်ငံအရှေ့ပိုင်း၊ ကျီဂျန်းပြည်နယ်မှာရှိတဲ့ တံတားတစ်စင်းကျိုးကျခဲ့တာက ရာသီဥတုဆိုးခဲ့တာကြောင့်လို့ ဒေသအာဏာပိုင်တွေက ဇူလိုင်လ(၂၈)ရက်မှာပြောခဲ့ပါတယ်။ တွန်လူကောင်တီက ဟန်ကျိုးမြို့မှာ အဲဒီတံတားကျိုး ကျခဲ့တာကြောင့်လူ(၈)ဦးသေဆုံးခဲ့ပြီးနောက်ထပ်(၃)ဦးဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေကအတည်ပြုထားပါတယ်။ အခင်း ဖြစ်ပွားချိန်က အဲဒီနေရာမှာ လေတိုက်နှုန်းတစ်နာရီကို(၈၈)ကီလိုမီတာလောက်ရှိခဲ့တယ်လို့ ဒေသမိုးလေ၀သဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ လေပြင်းတွေကြောင့် သစ်ပင်တွေလဲကျခဲ့တဲ့အပြင် အိမ်တွေလည်းထိခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောတယ်ဆိုပြီး CCTVရုပ်သံက သတင်းဖော်ပြပါတယ်။ သေဆုံးခဲ့သူတွေက အသက်ကြီးသူတွေဖြစ်တယ်လို့ ဒေသအုပ်ချုပ် ရေးအရာရှိ(၁)ဦးကပြောပြီး ဒီဖြစ်ရပ်ကို စုံစမ်းမှုတွေပြုလုပ်နေပြီလို့လည်း အတည်ပြုထားပါတယ်။

 

 

Related News