ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ သြဂုတ်လ(၉)ရက်ကမိုးကြီးခဲ့တာကြောင့် ရေလွှမ်းမိုးခဲ့တဲ့အတွက် စခန်းချနေထိုင်နေသူ အများစုပါဝင် တဲ့လူ(၁၆၀၀)ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ နွေရာသီစခန်းတွေမှာ ကလေးငယ်တွေကို စာသင်ပေးနေတဲ့ အသက်(၇၀)အရွယ်ဂျာမန်လူမျိုး(၁)ဦးပျောက်ဆုံး နေတယ်လို့လည်း သိရပါတယ်။ ရေစီးသန်နေချိန်မှာ အဲဒီလူက သူ့ရဲ့ဗင်ကားထဲမှာခိုလှုံခဲ့ပေမဲ့ ရေစီးကြောင့် ကားမျောပါသွားခဲ့တယ်လို့ ဒေသခံတွေကပြောတယ်ဆိုပြီး AFPသတင်း ဌာနကဖော်ပြပါတယ်။ အထိအခိုက်အများ ဆုံးဒေသက ဂါ့ဒ်၊ အာဒဲ့ခ်ျနဲ့ ဒဟုမ်းပိုင်နက်တွေဖြစ်ပါတယ်။

ကယ်ဆယ်ရေးလုပ်ရာမှာ မီးသတ်သမားတွေနဲ့ရဲတပ်ဖွဲ့ဝင် (၄၀၀)ကျော် သာမက ရဟတ်ယာဉ်(၄)စီးလည်းပါဝင်နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဥရောပတိုက်က နေရာတော်တော် များများနဲ့ ပြင်သစ်တောင်ပိုင်းတို့မှာ သာမန်ထက်ပိုများတဲ့အပူချိန်ကိုတွေ့ကြုံခဲ့ရပြီးနောက် အခုလိုရေ ကြီးခဲ့တာပါ။ နယ်မြေ(၆)ခုကို ရေဘေးသတိပေးချက်တွေထုတ်ပြန်ပေးထားတယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးကထုတ်ပြန် ထားပါတယ်။ လူ(၇)ဦးကတော့ အသေးစားဒဏ်ရာတွေကြောင့် ဆေးရုံမှာကုသမှုခံယူနေရပါတယ်။ 

 

 

 

Related News