သြဂုတ်လ(၉)ရက်က အင်ဒိုနီးရှားနိုင်ငံ၊ လွန်ဘော့ကျွန်းမှာ ပြင်းအား(၅.၉)မဂ္ဂနီကျူ့အဆင့်ရှိနောက်ဆက်တွဲငလျင်(၁)ခုလှုပ်ခတ် ခဲ့ပါတယ်။ သြဂုတ်လ(၅)ရက်က လွန်ဘော့ကျွန်းမှာ ပြင်းအား(၆.၉)မဂ္ဂနီကျူ့ရှိတဲ့ငလျင်(၁)ခုလှုပ်ခဲ့ပြီးနောက် အခုနောက်ဆက် တွဲငလျင်က ပြင်းအားအများဆုံးဖြစ်ခဲ့တာပါ။ သြဂုတ်လ(၅)ရက်နောက်ပိုင်းမှာ နောက်ဆက်တွဲလျင်(၃၅၀)ကျော်လှုပ်ခတ်ခဲ့တယ် လို့ အင်ဒိုနီးရှားအာဏာပိုင်တွေကထုတ်ပြန်ထားပါတယ်။ ငလျင်နဲ့နောက်ဆက်တွဲငလျင်တွေကြောင့် သေဆုံးသူ(၃၁၉)ဦးရှိခဲ့ တယ်လို့ အင်ဒိုနီးရှားလုံခြုံရေးဝန်ကြီးကပြောပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေပေမဲ့ နောက်ဆက်တွဲငလျင်တွေ ကြောင့် သေဆုံးသူဦးရေဆက်ပြီးမြင့်တက်နိုင်သေးတယ်လို့လည်းပြောပါတယ်။ လူ(၁၄၀၀)လောက်ဒဏ်ရာရခဲ့ပြီး လူ(၂၇၀၀၀၀) ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားရတယ်လို့လည်းသိရပါတယ်။

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းကရှန်ဇီပြည်နယ်မှာ သြဂုတ်လ(၉)ရက်က မိုးကြီးခဲ့တာကြောင့် တံတား(၁)စင်းပြိုကျခဲ့ပါတယ်။ ယူလင်း-ကျင်းပျန်အဝေးပြေးလမ်းမပေါ်က မီတာ(၅၀)ရှည်ပြီး မီတာ(၃၀)ကျယ်တဲ့ ၀ူဒင်းဟီ တံတားရဲ့အပိုင်းတစ်ပိုင်းပြိုကျခဲ့တာ ပါ။ ဒီဖြစ်ရပ်ကြောင့် တံတားပေါ်မှာဖြတ်ခဲ့တဲ့ကား(၁)စီးပြုတ်ကျခဲ့တယ်လို့သိရပါတယ်။ ယာဉ်မောင်းဖြစ်သူက ကားထဲကနေ ထွက်နိုင်ခဲ့ပြီး ဆေးရုံမှာကုသမှုခဲ့တာကြောင့် အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူးလို့ အာဏာပိုင်တွေကပြောတယ်ဆိုပြီး တရုတ် နိုင်ငံပိုင်CCTVရုပ်သံကဖော်ပြပါတယ်။ တံတားပေါ်ကိုဖြတ်သန်းခွင့်ပိတ်ထားပြီး ကားတွေကို အဲဒီနေရာကနေရှောင်သွားဖို့သတိ ပေးထားသလို အရေးပေါ်ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ အဲဒီတံတားကို ပြီးခဲ့တဲ့(၂)နှစ်ကဆောက်လုပ်ပြီးစီးခဲ့ပြီး (၁၇၆၇)မီတာရှည်ပါတယ်။ 

ကမ္ဘာ့အကြီးဆုံးနိုင်ငံတကာအိမ်မွေးခွေးပြပွဲကို နယ်သာလန်နိုင်ငံမြို့တော် အမ်စတာဒမ်မှာ သြဂုတ်လ(၉)ရက်မနက်ပိုင်းမှာစပြီး ကျင်းပခဲ့ပါတယ်။ အိမ်မွေးခွေးအကောင်(၃၃၀၀၀)ကျော်က အခုပြပွဲနဲ့ပြိုင်ပွဲတွေမှာပါဝင်ယှဉ်ပြိုင်နေကြတယ်လို့သိရပါတယ်။ အခု နှစ်ပြိုင်ပွဲနဲ့ပြပွဲတွေကို လာရောက်ကြည့်ရှူသူသောင်းချီရှိနေတယ်လို့ ပြပွဲစီစဉ်သူတွေကပြောပါတယ်။ ပြပွဲနဲ့ပြိုင်ပွဲတွေက သြဂုတ် လ(၁၂)ရက်အထိ(၄)ရက်ကြာမှာဖြစ်ပြီး နိုင်ငံ(၅)နိုင်ငံကအိမ်မွေးခွေးတွေလာရောက်ယှဉ်ပြိုင်ကြတယ်လို့သိရပါတယ်။

 

 

 

Related News