သြဂုတ်လ(၁၂)ရက်က ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့ရဲ့ မော့ဆိုက်ခရိုင်မှာပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် ကလေးငယ်(၂)ဦးအ ပါအ၀င် လူ(၁၀)ဦးဒဏ်ရာရခဲ့ပါတယ်။ ပြောင်းချောသေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာရခဲ့ကြတာလို့ ရဲတပ်ဖွဲ့ကယူဆနေကြ ပြီး ဒီဖြစ်ရပ်ကို လူသတ်ရန်ကြံစည်မှုအနေနဲ့ ရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။ ဒဏ်ရာရသူတွေထဲက (၉)ဦးဟာ ပြောင်းချောသေနတ် ကထွက်တဲ့ ကျည်ဆန်အလုံးသေးတွေထိမှန်ထားပြီး နောက်ထပ်အမျိုးသား(၁)ဦးကတော့ ခြေထောက်ကျိုးခဲ့ပါတယ်။

အသက် (၁၂)နှစ်ပတ်ဝန်းကျင်ကလေး(၂)ဦးအပါအ၀င် ဒဏ်ရာရခဲ့တဲ့လူ(၉)ဦးက ပြင်းပြင်းထန်ထန်ဒဏ်ရာမရခဲ့ပေမဲ့ ခြေထောက်ကျိုးခဲ့ တဲ့လူကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းမှာကျင်းပတဲ့ ကာရစ်ဘီယံပွဲတော်ပထမနေ့အ ပြီးမှာ ပျော်ပွဲရွှင်ပွဲ(၁)ခုထပ်ကျင်းပနေတုန်း ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ ဘာကြောင့်ဒီပစ်ခတ်မှုဖြစ်ပွားခဲ့သလဲဆိုတာကို မသိရသေး သလို ပစ်ခတ်သူကိုလည်းစုံစမ်းနေဆဲဖြစ်တယ်လို့ မန်ချက်စတာမြို့တော်ရဲတပ်ဖွဲ့ရဲ့ရဲမှူးချုပ်ဝါဆင်မ် ချော်ဒရီကပြောပါတယ်။ လူအုပ်စုကြားထဲကို အခုလိုပစ်ခတ်ခဲ့တာက နောက်ဆက်တွဲဖြစ်လာမလဲဆိုတာကို မစဉ်းစားခဲ့တဲ့လုပ်ရပ်ဖြစ်တယ်လို့လည်း ချော်ဒရီက ဝေဖန်ခဲ့ပါတယ်။

 

 

Related News