စပိန်နိုင်ငံအနောက်မြောက်ပိုင်းက ဗီဂိုမြို့မှာ သြဂုတ်လ(၁၂)ရက်ညနေပိုင်းက အိုမာရစ်ကွီနိုပွဲတော်ကျင်းပနေတုန်း သစ်သားလူ သွားလမ်းပြိုကျခဲ့တာကြောင့် လူ(၃၀၀)ကျော်ဒဏ်ရာရခဲ့ပါတယ်။ လူ(၅)ဦးက စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပြီး သေဆုံးခဲ့သူ တော့ တစ်ယောက်မှမရှိဘူးလို့ ဂါလီစီယာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအာဏာပိုင်တွေကအတည်ပြုပါတယ်။ ကယ်ဆယ်ရေးလုပ် ငန်းတွေအတွက် အရေးပေါ်လူနာတင်ယာဉ်အစီး(၃၀)ကျော်၊ ကြက်ခြေနီအဖွဲ့တွေ၊ ကျန်းမာရေးအဖွဲ့(၂)ဖွဲ့နဲ့ တခြားအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေပါဝင်နေတယ်လို့ သိရပါတယ်။

ပြိုကျခဲ့တဲ့လူသွားလမ်းက မီတာ(၃၀)ရှည်ပြီး (၁၀)မီတာကျယ်တယ်လို့ ဗီ ဂိုမြို့ဝန်အေဘယ် ကာဘယ်လာရိုကပြောပါတယ်။ အားကစားနဲ့တေးဂီတဖျော်ဖြေပွဲတွေပါဝင်တဲ့ အိုမာရစ်ကွီနိုပွဲတော်ကာလမှာ ဖြစ်ပွားခဲ့တဲ့အခုဖြစ်ရပ်ကြောင့် ပျောက်ဆုံးနေသူတွေနဲ့ပတ်သက်တဲ့သတင်းအချက်အလက် တွေကို ထုတ်ပြန်ပေးသွားမယ်လို့ ပွဲ တော်ကျင်းပရေးအဖွဲ့ရဲ့တွစ်တာစာမျက်နှာမှာဖော်ပြထားပါတယ်။ ဘာကြောင့် လူသွားလမ်း ပြိုကျခဲ့သလဲဆိုတာကို မသိရသေး ဘူးလို့ မြို့ဝန်ကပြောပါတယ်။ (၃)ရက်ကြာကျင်းပတဲ့ပွဲတော်ကာလမှာ လူ(၁)သိန်း(၆)သောင်းကျော်လာရောက်တယ်လို့ သိရပါတယ်။ 

 

 

 

Related News