မလေးရှားနိုင်ငံက ရေခဲစက်(၁)ခုမှာ ရေခဲရာမှာသုံးတဲ့အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်ခဲ့တာကြောင့် ရေခဲ စက်လုပ်သား(၂)ဦးသေဆုံးခဲ့ပါတယ်။ မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ်ထဲက ဆာအာလန်မြို့မှာ သြဂုတ်(၁၃)ရက်မနက်ပိုင်းက  ရေခဲစက်(၁)ခုမှာ အမိုးနီးယား ဓာတ်ငွေ့ယိုစိမ့်ခဲ့တာကြောင့် အိန္ဒိယလူမျိုး(၂)ဦးသေဆုံးခဲ့ပြီး နောက်ထပ်လူ(၁၈)ဦးကတော့အသက်ရှင်ခဲ့ပါတယ်။ အရေးပေါ်ဖုန်း ခေါ်ဆိုမှု(၁)ခုကိုလက်ခံရခဲ့ပြီးနောက် အခင်းဖြစ်ရာနေရာကို မီးသတ်သမား(၂၆)ဦးစေလွှတ်ပေးခဲ့တယ်လို့ စီလန်ဂေါ မီးသတ် တပ်ဖွဲ့နှင့်ကယ်ဆယ်ရေးဌာနပြောခွင့်ရသူကပြောခဲ့ပါတယ်။ ဓာတ်ငွေ့ယိုစိမ့်ချိန်မှာ အဲဒီရေခဲစက်ဝင်းထဲမှာ အလုပ်သမား(၂၀)ဦးရှိ ခဲ့ပါတယ်။

အမိုးနီးယားသိုလှောင်ကန်ထဲက ဓာတ်ငွေ့တွေယိုစိမ့်လာချိန်မှာ အလုပ်သမား(၂)ဦးက ဓာတ်ငွေ့ရှုမိတာကြောင့်သေ ဆုံးခဲ့တာလို့ ယူဆနေကြပါတယ်။ အမိုနီးယားဓာတ်ငွေ့နဲ့ထိတွေ့ခဲ့တဲ့အတွက် အသက်ရှင်ခဲ့ပေမဲ့ရှူမိခဲ့သူတွေက အသက်ရှုရ ခက်တာ၊ ပျို့အန်တာနဲ့ မျက်လုံးယားတာတွေခံစားခဲ့ရလို့ အဲဒီလူအားလုံးကိုဆေးရုံပို့ပေးခဲ့တယ်လို့သိရပါတယ်။  လုပ်ငန်းလည်  ပတ်နေတဲ့စက်(၄)ခုထဲက ဓာတ်ငွေ့ယိုစိမ့်နေတဲ့စက်(၁)ခုကိုရပ်ဆိုင်းဖို့ မီးသတ်သမားတွေကစီစဉ်ခဲ့ပါတယ်။ အစောပိုင်းတွက် ချက်မှုတွေအရ စက်ရုံထဲမှာသိုလှောင်ထားတဲ့ အမိုးနီးယားဓာတ်ငွေ့ပမာဏရဲ့(၃)ပုံ(၁)ပုံလောက်ယိုစိမ့်ခဲ့တာလို့သိရပါတယ်။ ဓာတ်ငွေ့ယိုစိမ့်ခဲ့တဲ့စက်ရုံရှေ့မှာဖွင့်ထားတဲ့ တရုတ်ဘာသာသင်ကျောင်းကိုလည်း ဘေးကင်းစေဖို့ သြဂုတ်လ(၁၄)ရက်မှာ ယာ ယီပိတ်ထားဖို့ ညွှန်ကြားထားပြီး အဲဒီရေခဲစက်မှာ ဓာတ်ငွေ့ယိုစိမ့်တာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

 

 

 

Related News