ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်မြောက်ပိုင်းနဲ့ ကန်ချနဘူရီခရိုင်အလယ်ပိုင်းဒေသတွေမှာ စက်တင်ဘာလ(၇)ရက်က စိတ်ကြွဆေးပြား (၄.၄)သန်းကျော်နဲ့ အိုက်စ်(၁၃၀)ကီလိုဂရမ် နီးပါးကို ထိုင်းအာဏာပိုင်တွေဖမ်းမိခဲ့ပါတယ်။ ပထမဖြစ်စဉ်ကတော့မေးအိုင်ခရိုင် ကလမ်းမတစ်ခုပေါ်မှာ သံသယဖြစ်ဖို့ ကောင်းတဲ့ကုန်တင်ကားတစ်စီးကိုတွေ့ခဲ့ပြီးနောက် နယ်စပ်ရေးရာကင်းလှည့်ရဲတွေက ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့တာပါ။ နာရီဝက်လောက်ကြာတဲ့အထိ ကုန်တင်ကားပေါ်က သေနတ်သမားတွေနဲ့ ထိုင်းနယ်စပ်ရဲတို့ကြားအပြန် အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ သေနတ်သမားတွေထဲကတချို့ကတော့ ဒဏ်ရာရခဲ့ပြီး မူးယစ်ဆေးဝါးတွေနဲ့ အတူကုန်တင်ကားနားကနေ ထွက်ပြေးခဲ့တယ်လို့ MCOTသတင်းဌာနကဖော်ပြပါတယ်။

ဒုတိယဖြစ်စဉ်ကတော့ ကန်ချနဘူရီ ခရိုင်က စစ်ဆေးရေးဂိတ်မှာလည်းကုန်တင်ကား(၂)စီးကိုရပ်တန့်စေ ခဲ့ပြီး ရှာဖွေရာမှာစိတ်ကြွဆေးပြားတွေနဲ့ အိုက်စ်တွေကို ထိုင်းစစ်တပ်နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ကတွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလတုန်းက မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနဲ့ မူးယစ်ဆေးဝါးကုန်ကူး ခြင်းတွေဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာ စိုးရိမ်ဖွယ်ရာအဆင့်ကို ရောက်ရှိနေပြီလို့ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာကု လသမဂ္ဂရုံး (UNODC)က သတိပေးထုတ်ပြန်ခဲ့ပါတယ်။

 

 

Related News