တရုတ်နိုင်ငံအနောက်တောင်ပိုင်းက ယူနန်ပြည်နယ်မှာ စက်တင်ဘာလ(၈)ရက်က ပြင်းအား(၅.၉)မဂ္ဂနီကျူ့အဆင့်ရှိငလျင်(၁) ခုလှုပ်ခတ်ခဲ့တာကြောင့် လူ(၁၅)ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသအာဏာပိုင်တွေကပြောပါတယ်။ ယူနန်ပြည်နယ်က မိုဂျန်းဟာနီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ငလျင်ဗဟိုချက်ရှိခဲ့ပြီး မြေအောက်(၁၁)ကီလိုမီတာအကွာကိုဗဟိုပြုလှုပ်ခတ်ခဲ့တာလို့ တရုတ်မြေ ငလျင်ကွန်ယက်စင်တာက သတင်းထုတ်ပြန်ပါတယ်။ အဲဒီဒေသကနေ ကီလိုမီတာ(၂၇၀)ဝေးတဲ့ကူမင်းမြို့မှာလည်း ငလျင်လှုပ် တာကို ခံစားခဲ့ရတယ်လို့ တရုတ်နိုင်ငံပိုင်CCTVရုပ်သံကဖော်ပြပါတယ်။ ငလျင်ကြောင့် သေဆုံးသူတော့မရှိခဲ့ဘူးလို့ ဒေသအာ ဏာပိုင်တွေကအတည်ပြုပါတယ်။

အဲဒီဒေသကို စေလွှတ်တရုတ်အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက အရေးပေါ်တုံ့ပြန်ဆောင် ရွက်ရေးအဖွဲ့တွေစေလွှတ်ထားပြီး ရဲတပ်ဖွဲ့ဝင်၊ မီးသတ်သမားတွေနဲ့ ကျန်းမာရေးလုပ်သားတွေ စုစုပေါင်းလူ(၆၀၀)ကျော်လောက် က ကယ်ဆယ်ရေးလုပ်နေကြတယ်လို့သိရပါတယ်။ ဘေးလွတ်ရာရွှေ့ပြောင်းထားသူတွေကို ယာယီတဲအတွက် လိုအပ်တဲ့ပစ္စည်း တွေပေးထားပြီး ငလျင်ဗဟိုချက်နဲ့နီးတဲ့မြို့တွေမှာ ယာဉ်ကြောထိန်းချုပ်တာ၊ ဖုန်းဆက်တာနဲ့ လျှပ်စစ်ဓာတ်အားတွေပြန်ရနေပြီလို့ သိရပါတယ်။ ငလျင်လှုပ်တဲ့အချိန်က ဒေသခံတွေ လယ်လုပ်နေကြတဲ့အချိန်ဖြစ်တာကြောင့် အထိအခိုက်နည်းခဲ့တာလို့ ကယ် ဆယ်ရေးသမားတွေကပြောပါတယ်။

 

 

Related News