ဇွန်လတုန်းက စင်္ကာပူနိုင်ငံမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ရဲ့ ပထမအကြိမ်ထိပ်သီးအစည်းအဝေးပွဲကျင်းပခဲ့ပြီးနောက် ဒုတိယအကြိမ်ထပ်မံဆွေးနွေးလိုတဲ့စာတစ်စောင်ကို မြောက်ကိုရီးယားဘက်က ပေးပို့လာတယ်လို့ အိမ်ဖြူတော်က ပြောခဲ့ပါတယ်။ ဒုတိယအကြိမ်မြောက်ထပ်မံတွေ့ဆုံပြီး ထိပ်သီးအစည်းအဝေးပွဲကျင်းပလိုတဲ့ စာတစ်စောင်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကနေ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဆီကိုပေးပို့လာတယ်လို့ စက်တင်ဘာလ(၁၁)ရက်မှာ အိမ်ဖြူတော်က ပြောခဲ့ပါတယ်။

အဲဒီစာဟာ အရမ်းကိုနွေးထွေးမှုရှိပြီး မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားဖျက်သိမ်းရေးပေါ်မှာအာရုံစိုက်ဖို့ ဆုံးဖြတ် ထားတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ ဆယ်ရာစန်းဒါးစ်ကပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇွန်လတုန်းက စင်ကာပူနိုင်ငံမှာ ခေါင်းဆောင် (၂)ဦးရဲ့ ပထမအကြိမ်သမိုင်းဝင်ထိပ်သီးအစည်းအဝေးပွဲကိုကျင်းပခဲ့ပြီးနောက် ညှိနှိုင်းရေးခေါင်းစဉ်အပေါ် ဆွေးနွေးမှုတွေ ရပ်တန့် ခဲ့ကြတယ်လို့သိရပါတယ်။

ပေးပို့လာတဲ့စာရဲ့အဓိကရည်ရွယ်ချက်က တောင်းဆိုမှုတွေပြုလုပ်ဖို့နဲ့ နောက်တစ်ကြိမ် အမေရိကန် သမ္မတနဲ့ဆွေးနွေးမှုတွေလုပ်ဖို့ အစီအစဉ်တွေကိုသိရှိလိုတာဖြစ်တယ်လို့ စန်းဒါးစ်ကပြောပါတယ်။ ခေါင်းဆောင်(၂)ဦးရဲ့ဒုတိယ အကြိမ်ထိပ်သီးအစည်းအဝေးပွဲကျင်းပမယ့်နေရာကိုတော့ စန်းဒါးစ်ကထုတ်ပြောခဲ့တာမျိုး မရှိဘူးလို့သိရပါတယ်။ စက်တင်ဘာလ (၉)ရက်တုန်းက မြောက်ကိုရီးယားနိုင်ငံတည်ထောင်မှုနှစ်(၇၀)ပြည့်အထိမ်းအမှတ်ပွဲမှာ စစ်သားတွေ၊ တင်ကားတွေနဲ့ လက်နက် အမျိုးမျိုးကိုသာထုတ်ဖော်ပြသခဲ့ပြီး အရင်နှစ်တွေတုန်းကလို တာတိုပစ်ပဲ့ထိန်းဒုံးကျည် (ICBMs)တွေကိုပြသခြင်းမရှိခဲ့တဲ့အတွက် ဒီလုပ်ရပ်ကိုသမ္မတထရမ့်ကတွမ်တာလူမှုကွန်ရက်ကတစ်ဆင့်ချီးကျူးဂုဏ်ပြု ခဲ့တယ်လို့ သိရပါတယ်။

 

 

 

Related News