ကွန်ဂိုနိုင်ငံကျန်းမာရေးဝန်ကြီးဌာနကဦးဆောင်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ဘူတမ်ဘိုမြို့မှာ အီဘိုလာရောဂါရုတ်တရတ်ဖြစ်ပွားမှုအတွက် တုံ့ပြန်မှုတွေမြှင့်တင်ဖို့ ကြိုးပမ်းနေပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်တုန်းက လူတစ်သန်း ၀န်းကျင်လောက်နေထိုင်တဲ့ ကီဗူပြည်နယ်မြောက်ပိုင်းမှာ အီဘိုလာရောဂါကြောင့်လူနာ(၁)ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ ဒီဖြစ်ရပ်ကိုလျင်လျင်မြန်မြန်ရှာဖွေတွေ့ရှိခဲ့ပေမဲ့ အဲဒီနေရာဟာတုံပြန်မှုတွေလုပ်ဆောင်ပြီးသားနေရာတစ်ခုဖြစ်တယ်လို့ (WHO) ဘက်ကပြောပါတယ်။ ဒေသခံတွေအများကြီးထဲကနေ ပထမဆုံးအကြိမ် အီဘိုလာရောဂါဖြစ်ပွားနေသူတွေကိုအတည်ပြု နိုင်ခဲ့ပြီး ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနရဲ့လုပ်ငန်းမှတ်တမ်းတွေကိုတွေ့ရှိခဲ့တာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နဲ့ တခြားလုပ်ဖော် ကိုင်ဖက်တွေကအတည်ပြုနိုင်ခဲ့တာလို့ အာဖရိကဆိုင်ရာ(WHO)အရေးပေါ်ညွှန်ကြားရေးမှူး အီဘရာဟီမာ စောစေး ဖော်လ်က ပြောခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဘူတမ်ဘိုမြို့က အီဘိုလာရောဂါဖြစ်ပွားမှုအတွက် (WHO)ဘက်ကကျွမ်းကျင်သူ(၆၀)ဦးကျော် ကအဓိကစစ်ဆင်ရေးတစ်ခုအနေနဲ့ကြိုးပမ်းလုပ်ဆောင်နေတယ်လို့သိရပါတယ်။

 

Related News