ဖွံ့ဖြိုးဆဲနိုင်ငံတွေက အခြေခံအဆောက်အအုံဆိုင်ရာစီမံကိန်းတွေအတွက် တရုတ်နိုင်ငံက အကြီးစားရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်နေ တာကိုစိုးရိမ်မိတယ်လို့ မလေးရှားဝန်ကြီးချုပ် ဒေါက်တာ“မဟာသီယာ မိုဟာမက်”က ပြောပါတယ်။ စက်တင်ဘာလ(၁၅)ရက်က NHKသတင်းဌာနနဲ့သီးသန့်တွေ့ဆုံမေးမြန်းရာမှာပြောခဲ့တာပါ။ နိုင်ငံတစ်နိုင်ငံဟာ ပြန်ပေးနိုင်တဲ့ပမာဏထက်ပိုပြီးငွေချေးနေပြီဆို ရင် အခက်အခဲရှိလာနိုင်တယ်လို့ ယူဆတယ်ဆိုပြီး သူကပြောပါတယ်။ ချေးငွေပမာဏကများနေပြီဆိုရင် ငွေချေးယူတဲ့နိုင်ငံက သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ငွေထုတ်ပေးတဲ့နိုင်ငံကိုပေးလာရနိုင်တယ်လို့ မဟာသီယာကပြောပါတယ်။

 ငွေချေးယူတဲ့နိုင်ငံဟာ ငွေထုတ် ပေးတဲ့နိုင်ငံရဲ့လက်ဝေခံနိုင်ငံဖြစ်လာပြီး အုပ်ချုပ်ရေးပိုင်းမှာ ထိခိုက်လာနိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလမှာ ၀န်ကြီးချုပ်အဖြစ် ပြန်ရွေးကောက်ခံရပြီးနောက် မဟာသီယာက မလေးရှားနိုင်ငံရဲ့ဘဏ္ဍာရေးကဏ္ဍကို ပြန်ပြီးတည်ဆောက်ဖို့ ကြိုးပမ်းနေပြီး မလေးရှားဝန်ကြီးချုပ်ဟောင်း“နာဂျစ် ရာဇတ်”လက်ထက်မှာ တရုတ်နိုင်ငံရဲ့ချေးငွေနဲ့စပြီးအကောင်အထည်ဖော် ခဲ့တဲ့ မလေးကျွန်းဆွယ်သွားမြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

 

 

 

Related News