ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းမြောက်ပိုင်း၊ ဘန်ဂတ်ဒ်ပြည်နယ်၊ အိုင်တိုဂွန်မြို့မှာ  တိုင်ဖွန်းမန်ဂွတ် တိုက်ခတ်နေစဉ်အတွင်းမြေပြို မှုကြောင့် သတ္တုတွင်းထဲမှာ ပိတ်မိခဲ့တယ်လို့ယူဆရတဲ့ လူဒါဇင်ချီကို ဒေသအာဏာပိုင်တွေကဆက်လက်ရှာဖွေနေပါတယ်။ ဖိ လစ်ပိုင်ရဲ တပ်ဖွဲ့ဝင်(၃၀၀)ဦးဝန်းကျင်၊ မီးသတ်သမားတွေနဲ့ စေတနာ့ဝန်ထမ်းတွေက ရွှံ့တွေနဲ့ အပျက်အစီးအပိုင်းအစတွေကို ဖယ်ပြီး သတ္တုတွင်းထဲကရေတွေကိုစုပ်ယူနေပါတယ်။ အိုင်တိုဂွန်မြို့မှာလူ(၃၆)ဦးထိပျောက်ဆုံးနေတယ်လို့ ဒေသဆိုင်ရာရဲတပ် ဖွဲ့ညွှန်ကြားရေးမှူးရိုလန်ဒိုနာနာကပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုစက်တင်ဘာလ(၁၅)ရက်က အခုနှစ်ရဲ့အင်အား အပြင်းဆုံး တိုင်ဖွန်းမုန်တိုင်းဝင်ရောက်ခဲ့တာကြောင့် အိမ်တွေနဲ့ လယ်ယာမြေတွေပျက်စီးခဲ့ပါတယ်။

အိုင်တိုဂွန်မြို့က ယူကက် ကျေးရွာမှာမြေပြိုခဲ့တာကြောင့် အလုပ်သမားအိမ်တွေပျက်စီးခဲ့တယ်လို့နာနာကပြောပါတယ်။ လိုဏ်ခေါင်းထဲမှာမြေပြိုခဲ့ပေမဲ့ အပျက်အစီးတွေကြားကနေဖြတ်ပြီးတွားသွားခဲ့တာကြောင့် သတ္တုတွင်းလုပ်သား(၂)ဦး အသက်ရှင်ခဲ့တယ်လို့ အိုင်တိုဂွန်မြို့ တော်ဝန် ဗစ်တိုရီရို ပလန်ဒန်ကပြောခဲ့ပါတယ်။ မြေပြိုတဲ့ဖြစ်ရပ်တွေကြောင့် အိုင်တိုဂွန်မြို့က သတ္တုတူး ဖော်ရေးလုပ်ငန်းအား လုံးကို တားမြစ်ထားဖို့ ဖိလစ်ပိုင်သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနကသတိပေးခဲ့တယ်လို့သိရပါတယ်။

 

 

Related News