သြစတြေလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ဒတ်ဖ်ကွန်အမည်နဲ့ကျင်းပခဲ့တဲ့ ဂီတပွဲတော်မှာ မူးယစ်ဆေးအလွန်အကျွံသုံးစွဲခဲ့တာကြောင့် လူ(၂)ဦးသေဆုံးခဲ့ပြီးနောက် ဂီတပွဲတော်တွေကိုပိတ်သိမ်းဖို့ ပြည်နယ်အာဏာပိုင်တွေကဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီဂီတပွဲတော်မှာ မူးယစ်ဆေးဝါးအသုံးပြုခဲ့တဲ့ လူ(၇၀၀)ဦးဟာဆေးဘက်ဆိုင်ရာအကူအညီတွေလိုအပ်ခဲ့ပြီး အဲဒီထဲက(၃)ပုံ(၁)ပုံကတော့ စိုးရိမ်ရ တဲ့အခြေအနေမှာရှိနေတယ်လို့ နယူးဆောက်ဝေးပြည်နယ်ရဲတပ်ဖွဲ့ကပြောပါတယ်။ နှစ်စဉ်ကျင်းပတဲ့ဂီတပွဲတော်တွေဟာ လုံခြုံမှု မရှိတော့တာကြောင့် အခုလိုပွဲတော်မျိုးတွေကိုနောက်တကြိမ်ထပ်မကျင်းပသင့်တော့ဘူးလို့ပြည်နယ်ဝန်ကြီးချုပ် ဂလက်ဒက်စ် ဘီရီဂျစ်လီရန်ကပြောခဲ့ပါတယ်။

သြစတြေလျ Q-dance ပွဲစီစဉ်သူတွေလည်း သြစတြေလျအာဏာပိုင်တွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်နေတယ်လို့သိရပါတယ်။ သေဆုံးခဲ့သူ(၂)ဦးရဲ့အမည်တွေကိုမသိရသေးပေမဲ့ သူတို့နှစ်ဦးစလုံးက အသက်(၂၀)၀န်း ကျင်အရွယ်တွေဖြစ်ပြီး မူးယစ်ဆေးတွေအလွန်အကျွံသုံးခဲ့ပြီးနောက် ဆေးရုံမှာသေဆုံးခဲ့တာလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ လူ(၁၀) ဦးကိုတော့ မူးယစ်ဆေးဝါးတွေလက်ဝယ်တွေ့ရှိမှုနဲ့ စွဲချက်တင်ထားပြီး အဲဒီထဲက ဆယ်ကျော်သက်အရွယ်(၂)ဦးက ပွဲတော်ထဲကို ဆေးပြား(၁၂၀)လောက်သယ်ဆောင်ခဲ့တာလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ မကြာသေးခင်နှစ်တွေတုန်းကလည်း အခုလိုဂီတ ပွဲတော် ထဲမှာပဲလူ(၂)ဦးသေဆုံးခဲ့ပါတယ်။ (၂၀၀၉)ခုနှစ်ကတည်းက ဂီတပွဲတော်တွေကို သြစတြီလျနိုင်ငံမှာစ တင်ကျင်းပခဲ့တယ် လို့သိရပါတယ်။

 

 

Related News