အမေရိကန်နိုင်ငံ၊ မြို့တော် ၀ါရှင်တန်ဒီစီမှာ စက်တင်ဘာလ(၁၇)ရက်က ဂျပန်လက်မှုပညာသည်တွေက သူတို့ရဲ့ဒေသရိုးရာဓား လက်မှုပညာအရည်အသွေးတွေကိုပြသခဲ့ပါတယ်။ ဒီပွဲတော်မှာပါဝင်ဖို့ ဂျပန်နိုင်ငံအလယ်ပိုင်း၊ ဖုကုအီစီရင်စုက ပန်းပဲဆရာ(၃)ဦး ကိုလည်းဖိတ်ခေါ်ခဲ့ပါတယ်။ အခုပွဲကိုတော့ ဂျပန်မီးဖိုချောင်သုံးဓားတွေကိုရောင်းချတဲ့ အမေရိကန်တစ်ဦးက ဦးဆောင်ကျင်းပ တာပါ။

အဲဒီပွဲကိုလာရောက်ကြည့်ရှုသူ(၁၀၀)ကျော်လောက်ဟာ အပူပေးထားတဲ့သံမဏိကို ဂျပန်ရိုးရာဓားသွား အီချီဇန်ဖြစ် အောင် တူနဲ့ဘယ်လိုထုလုပ်ရလဲဆိုတာကိုကြည့်ရှုခဲ့ကြပါတယ်။ ဂျပန်ဓားတွေကို အမေရိကန်နိုင်ငံတင်ပို့တဲ့ဈေးကွက်ကလည်း တိုးတက်လာတယ်လို့သိရပါတယ်။ ဓားတွေရဲ့ကြာရှည်ခံမှုစွမ်းရည်ကို သဘောကျမိတယ်လို့ အဲဒီပွဲကိုလာရောက်ကြည့်ရှုတဲ့လူ တွေကပြောခဲ့ပါတယ်။

ဂျပန်ဓားတွေကိုနှစ်ပေါင်းများစွာကြာအောင်အသုံးပြုနေပြီး ဒီဓားတွေက ပါးပြီး ပေါ့ပေါ့ပါးပါးနဲ့ အရည်အ သွေးကောင်းတယ်လို့ စားဖိုမှူးတစ်ဦးကပြောခဲ့ပါတယ်။ ဂျပန်ဓားတွေအကြောင်းကို အမေရိကန်တွေအနေနဲ့ပိုလေ့လာဖို့လိုလား မိတယ်လို့ ဂျပန်ပန်းပဲဆရာ ရိုရှီမီ ကာတို ကပြောခဲ့ပါတယ်။

 

 

Related News