(၂၀၁၈-၁၉) ဘောလုံးရာသီရဲ့ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်တွေကို ကြားရက်မှာယှဉ်ပြိုင်သွားဖို့ရှိနေပြီး၊ အဖွင့်ပွဲစဉ်မှာ အကောင်းဆုံးသော ပွဲစဉ်တစ်ပွဲကတော့ လီဗာပူးလ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့တွေ့ဆုံတဲ့ပွဲစဉ် ကရပ်တည်နေခဲ့တယ်လို့ သိရပါတယ်။ 

(၂၀၁၈-၁၉) ဘောလုံးရာသီရဲ့ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်တွေကို ယနေ့ညကစတင်ကာယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး၊ အဖွင့်ပွဲစဉ်ရဲ့ ပရိသတ်တွေ အတွက် အကြိတ်အနယ်ရှိမယ့်ပွဲစဉ်ကတော့ ပရီးမီးယားလိဂ်ရဲ့ရှုံးပွဲမရှိသေးတဲ့ လီဗာပူးလ်အသင်းနဲ့ ပြင်သစ်လိဂ်ဂူးဝမ်းရဲ့အကောင်းဆုံး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းတို့တွေ့ဆုံတဲ့ပွဲစဉ်ပါ ၀င်နေခဲ့ပါတယ်။

အဆိုပါပွဲစဉ်ကတော့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်ရဲ့စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ်တစ်ပွဲအဖြစ် သတ်မှတ်ထားခဲ့ကြပြီး၊ ဖျော်ဖြေမှုရသအပြည့်အ၀ပေးစွမ်းမယ့်ပွဲစဉ်အဖြစ်ရှိနေခဲ့ပါတယ်။ လီဗာပူးလ်အသင်း ဟာ ပြီးခဲ့တဲ့ (၂၀၁၇-၁၈) ဘောလုံးရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ဗိုလ်လုပွဲအထိတက်ရောက်ထားနိုင်ခဲ့ပြီး၊ ပီ အက်စ်ဂျီအသင်းကတော့ (၁၆) သင်းအဆင့်နဲ့သာကျေနပ်ခဲ့ရပါတယ်။

လီဗာပူးလ်အသင်းဟာ ပီအက်စ်ဂျီအ သင်းနဲ့ပွဲစဉ်မှာ အားထားရတဲ့တိုက်စစ်မှူးဖာမင်နိုအနေနဲ့ မျက်လုံးဒဏ်ရာပြဿနာကြောင့်ပါဝင်နိုင်ဖို့မသေချာ သေးပဲ၊ ပီအက်စ်ဂျီအသင်းကတော့လူစုံပါဝင်လာဖို့ရှိနေခဲ့ပါတယ်။ လီဗာပူးလ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ ဟာ သမိုင်းတစ်လျှောက်တစ်ကြိမ်တစ်ခါမှတွေ့ဆုံဖူးခြင်းမရှိခဲ့ပဲ၊ ပထမဦးဆုံးအကြိမ်အဖြစ်တွေ့ဆုံကြမှာဖြစ်ပါ တယ်။

လီဗာပူးလ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ကတော့ နာပိုလီ၊ ရက်စတားဘဲလ်ဂရိတ်အသင်းတို့နဲ့ အုပ်စု (C) မှာတစ်အုပ်စုတည်းကျရောက် နေခဲ့ပါတယ်။ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်ရဲ့ပထမနေ့ပွဲစဉ်တွေမှာတော့ လီဗာပူး လ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းအပြင် အင်တာမီလန်အသင်းနဲ့ စပါးစ်အသင်း၊ မိုနာကိုအသင်းနဲ့ အက်သလက် တီကိုမက်ဒရစ်အသင်းတို့ပွဲစဉ်တွေအပါအ၀င် အခြားသောပွဲစဉ် (၇) ပွဲကိုလည်းယှဉ်ပြိုင် သွားမှာ ဖြစ်ပါတယ်။လီဗာပူးလ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ပွဲစဉ်ကိုတော့ စက်တင်ဘာလ (၁၉) ရက်နေ့၊ မြန်မာစံတော် ချိန်မနက် (၁) နာရီခွဲအချိန်မှာ လီဗာပူးလ်အသင်းရဲ့အန်ဖီးလ်ကွင်းမှာယှဉ်ပြိုင်ကစားမှာဖြစ်ပြီး၊ ကွင်းလယ်ဒိုင်လူ ကြီးအဖြစ် တူရကီလူမျိုးကွင်းလယ်ဒိုင်လူကြီး ကာကီက တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပါတယ်။

 

 

Related News