စပိန်နာမည်ကျော်ကလပ်တွေဖြစ်တဲ့ ရီးယဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ဟာ ချန်ပီယံလိဂ်သမိုင်း တလျောက် ပင်နယ်တီ အခွင့်အရေး အကြိမ်အများဆုံးရရှိတဲ့ အသင်းတွေအဖြစ် ရပ်တည်နေပါတယ်။ (၁၉၉၂)ခုနှစ်က ချန်ပီယံလိဂ်လို့အမည်ပြောင်းပြီးနောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ပင်နယ်တီအများဆုံး ရရှိတဲ့ အသင်းတွေထဲမှာ ရီးယဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့က (၄၂)ကြိမ်စီနဲ့ ထိပ်ဆုံးမှာရှိနေပါတယ်။ UEFA ရဲ့ထုတ်ပြန်မှုတွေအရ (၁၉၉၂)ခုနှစ်က စတင်ပြီး ချန်ပီယံလိဂ်သမိုင်းမှာ ပင်နယ်တီသတ်မှတ်ပေးမှု (၆၃၁)ကြိမ်ရှိခဲ့ပါတယ်။အဲဒီအရေအတွက်ရဲ့(၁၃)ရာခိုင်နှုန်းဖြစ်တဲ့ စုစုပေါင်း(၈၄)ကြိမ်ဟာ စပိန်ကလပ်(၂)သင်း ဖြစ်တဲ့ ရီးယဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ကရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီ(၂)သင်းလုံးဟာ ချန်ပီယံ လိဂ်မှာ အစဉ်အလာရှိတဲ့အသင်းတွေဖြစ်သလို ရီးယဲယ်မက်ဒရစ်အသင်းဆိုရင် နောက်ဆုံး(၃)ရာသီဆက်ဗိုလ်စွဲ ထားတာအပါအ၀င် ချန်ပီယံလိဂ်မှာ (၁၃)ကြိမ်ထိဗိုလ်စွဲထားတာဖြစ်ပါတယ်။ ဒါ့အပြင် ရီးယဲယ်မက်ဒရစ်နဲ့ ဘာစီ လိုနာအသင်းတို့ဟာ ချန်ပီယံလိဂ်မှာ ပွဲအများဆုံးကစားထားတဲ့အသင်းတွေဖြစ်ပြီး ရီးယဲယ်မက်ဒရစ်က (၂၅၃) ပွဲနဲ့ ဘာစီလိုနာအသင်းက (၂၅၂)ပွဲကစားထားတာဖြစ်ပါတယ်။ (၂)သင်းစလုံးဟာ ချန်ပီယံလိဂ်မှာ ပျမ်းမျှ(၆)ပွဲ မှာ ပင်နယ်တီတစ်ကြိမ်ရရှိနေကြတဲ့အသင်းတွေဖြစ်ပါတယ်။ ဒါပေမဲ့ ရီးယဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ထက် ပျမ်းမျှပင်နယ်တီရရှိမှုနှုန်းများတဲ့အသင်းတွေအဖြစ်မန်စီးတီးအသင်းနဲ့ ဆီးဗီးလားအသင်းတို့ကရှိနေပြီး ပွဲစဉ်(၄) ပွဲကစားတိုင်း ပင်နယ်တီတစ်ကြိမ်ရရှိနေတာဖြစ်ပါတယ်။

ရီးယဲယ်မက်ဒရစ်အသင်းဟာ ပင်နယ်တီအများဆုံးရရှိ ထားတဲ့အသင်းတွေထဲပါဝင်နေသလို ပင်နယ်တီအများဆုံးခွင့်ပြုပေးရတဲ့ အသင်းတွေထဲမှာလည်း အာဆင်နယ် အသင်းနဲ့အတူ (၂၃)ကြိမ်နဲ့ ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ ချန်ပီယံလိဂ်သမိုင်းမှာ ပင်နယ်တီကနေ သွင်းဂိုးအ များဆုံးသွင်းယူထားတဲ့ ကစားသမားအဖြစ် စီရော်နယ်ဒိုက (၁၅)ဂိုးနဲ့ရပ်တည်နေပြီး (၁၈)ကြိမ်ကန်သွင်းခွင့်ရရာ မှာ (၁၅)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။သူ့ရဲ့နောက်မှာ မက်ဆီက (၁၄)ကြိမ်ကန်သွင်းခွင့်ရထားပြီး (၁၁)ကြိမ်ဂိုးအဖြစ် ပြောင်းလဲကာ ဒုတိယနေရာမှာရပ်တည်နေပါတယ်။ ဂိုးသမားတွေထဲမှာတော့ စွမ်းဆောင်ရည်အကောင်းဆုံးအ ဖြစ် ပီတာချက်ကရပ်တည်နေပြီး (၁၁)ကြိမ်ကန်သွင်းခံထားရပေမယ့် (၅)ကြိမ်ထိကာကွယ်နိုင်ခဲ့သလို ကာဆီး လက်ကလည်း (၁၉)ကြိမ်ကန်သွင်းခံထားရပေမယ့် (၉)ကြိမ်ထိကာကွယ်နိုင်ခဲ့ပါတယ်။

 

 

 

Related News