စက်တင်ဘာလ(၂၀)ရက်က နယ်သာလန်နိုင်ငံမှာ ရထားနဲ့လျှပ်စစ်စက်ဘီးတိုက်မိခဲ့တာကြောင့် ကလေးငယ်(၄)ဦးသေဆုံးခဲ့ပါတယ်။ “နယ်သာလန်”နိုင်ငံ၊ မြို့တော်“အမ်စတာဒမ်”ရဲ့အရှေ့တောင်ဘက်(၆၂)မိုင်အကွာက “အော့စ်”မြို့မှာ စက်တင်ဘာလ(၂၀) ရက်က ရထားတစ်စင်းနဲ့ လျှပ်စစ်ကုန်တင်စက်ဘီးတစ်စီးတိုက်မိခဲ့တာကြောင့် ကလေးငယ်(၄)ဦးသေဆုံးပြီး နောက်ထပ်လူ(၂)ဦး ဒဏ်ရာရခဲ့ပါတယ်။ ရထားဖြတ်သွားချိန်မှာ လမ်းသွားလမ်းလာတွေခဏရပ်တန့်ထားဖို့ မီးနီပြထားပြီး အတားအဆီးတွေနဲ့ ပိတ်ဆို့ထားတာပါ။ တိုက်မိခဲ့တဲ့ လျှပ်စစ်စက်ဘီးကိုတော့ နေ့ကလေးထိန်းစင်တာက ပိုင်ဆိုင်တာဖြစ်ပြီး အခင်းဖြစ်ပွားချိန်မှာကလေး တွေကိုကျောင်းပို့ပေးနေတာလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စတင်စုံစမ်းနေပြီလို့သိရပါတယ်။ ဒဏ်ရာရခဲ့သူ နှစ်ဦးကို နီးစပ်ရာဆေးရုံကိုပို့ပေးခဲ့ပါတယ်။ ကလေးတွေရဲ့မိသားစုတွေ၊ ကျောင်းတွေ၊ နေ့ကလေးထိန်းစင်တာနဲ့ အခုဖြစ်ရပ်နဲ့ ပတ်သက်နေတဲ့သူတွေအားလုံးဘက်က ရပ်တည်သွားမယ် လို့ အော့စ်မြို့ဝန်“၀ိုဘိုင်းဘူ ဂျက်စ်ဂရာဒီမန်းစ်”က ပြောခဲ့ပါတယ်။ နယ်သာလန်နိုင်ငံမှာ လျှပ်စစ်ကုန်တင်စက်ဘီးတွေကို ကုန်တင်ဖို့ သီးသန့်ပဲ  အစပိုင်းမှာ သုံးပေမဲ့ နောက်ပိုင်းမှာတော့ ကလေး ငယ်တွေကို ကျောင်းအကြိုအပို့လုပ်ဖို့ မိဘတွေက ပိုစိတ်ဝင်စားလာကြပါတယ်။

 

 

Related News