အမေရိကန်နိုင်ငံ၊ နယူးယော့ခ်ပြည်နယ်က ဆိုင်းရာကူးစ်မြို့မှာ စက်တင်ဘာလ(၂၀)ရက်ညပိုင်းက ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့တာ ကြောင့် လူ(၅)ဦးဒဏ်ရာရခဲ့ပြီး အဲဒီထဲမှာအသက်(၈)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးလည်းပါဝင်နေပါတယ်။ ပစ်ခတ်မှုဖြစ်ပွား ခဲ့ချိန်မှာမိသားစု(၁)စုက မကြာသေးခင်ကသေဆုံးသွားတဲ့ သူတို့ရဲ့ဆွေမျိုးအတွက်အခမ်းအနားပြုလုပ်ပေးဖို့ စုရုံးနေတာလို့ မျက် မြင်သက်သေတွေကပြောပါတယ်။ ပစ်ခတ်မှုတွေဖြစ်ပွားနေတယ်ဆိုပြီး အကြောင်းကြားခဲ့တာကြောင့် အခင်းဖြစ်ရာနေရာကို ဆိုင်းရာကူးစ်အရေးပေါ်ဝန်ဆောင်မှုကချက်ချင်းသွားရောက်တုံ့ပြန်ခဲ့တယ်လို့ မီးသတ်သမားတွေကပြောပါတယ်။

ဒဏ်ရာရသူ တွေကိုနီးစပ်ရာဆေးရုံမှာ ကုသမှုတွေပေးဖို့အရေးပေါ်လူနာတင်ယာဉ်တွေနဲ့ ခေါ်ဆောင်သွားတယ်လို့လည်း မျက်မြင်သက်သေ တွေကပြောပါတယ်။ ဒဏ်ရာရသူတွေက အသက်(၈)နှစ်က နေ(၃၅)နှစ်အထိဖြစ်ပေမဲ့ သူတို့ရဲ့အကြောင်းကိုတော့အသေး စိတ်မထုတ်ပြန်သေးပါဘူး။ အပစ်ခံထားရတဲ့ဒဏ်ရာတွေကြောင့် ဒဏ်ရာရသူတွေအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့သိရပါတယ်။ အခုဖြစ်ရပ်ကတကယ့်ကိုဝမ်းနည်းစရာကောင်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပြီး အရင်ကဒီဒေသမှာတခါ မှမကြုံခဲ့ဖူးဘူးလို့ ဆိုင်းရာကူးစ်မြို့ရဲချုပ် ဖရန့်ခ် ဖော်လာကပြောခဲ့ပါတယ်။

 

 

Related News