အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်အနောက်မြောက်ပိုင်းကို သမိုင်းတစ်လျှောက်တတိယအင်အားအပြင်းဆုံး ဟာရီကိန်းမုန် တိုင်း မိုက်ကယ်ဝင်ရောက်ခဲ့တာကြောင့် ကမ်းရိုးတန်းမြို့တွေမှာရေကြီးမှုတွေဖြစ်နေပြီး သစ်ပင်တွေလဲကျခဲ့ပါတယ်။

မုန်တိုင်း ကြောင့် အောက်တိုဘာလ(၁၀)ရက်မှာ မိုးကြီးမှုတွေရှိခဲ့ပြီး တစ်နာရီကို(၁၅၅)မိုင်နှုန်းနဲ့ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ သစ်ပင် တွေလဲကျခဲ့တာကြောင့် လူ(၂)ဦးသေဆုံးခဲ့ပြီး အဲဒီထဲမှာကလေးငယ်(၁)ဦးလည်းပါဝင်နေတယ်လို့ အာဏာပိုင်တွေကပြောပါ တယ်။

မုန်တိုင်းကြောင့် ဖလောရီဒါ၊ အယ်လ်လာဘဲမားနဲ့ ဂျော်ဂျီယာပြည်နယ်တို့က အိမ်ခြေ(၅)သိန်းနီးပါး ဓာတ်အားပြတ် တောက်နေတယ်လို့ အရေးပေါ်ဝန်ဆောင်မှုကပြောပါတယ်။ ဟာရီကိန်းမုန်တိုင်း မိုက်ကယ်ဟာ အမေရိကတိုက်အလယ်ပိုင်းနိုင်ငံ တွေကိုဝင်ရောက်ခဲ့ဖူးပြီး အဲဒီမုန်တိုင်းကြောင့် ဟွန်ဒူးရပ်စ်နိုင်ငံကလူ(၆)ဦး၊ နီကာရာဂွါနိုင်ငံကလူ(၄)ဦးနဲ့ အယ်လ်ဆာဗေးဒေါနိုင် ငံကလူ(၃)ဦး စုစုပေါင်းအနည်းဆုံးလူ(၁၃)ဦးသေဆုံးခဲ့တာပါ။

ဖလော်ရီဒါပြည်နယ်ထဲကို မုန်တိုင်းဝင်ရောက်လာချိန်မှာအလွန် အင်အားကောင်းနေပြီး လက်ရှိမှာမုန်တိုင်းဟာ ကုန်းတွင်းပိုင်းကိုဦးတည်ရွေ့လျားနေတယ်လို့ခန့်မှန်းနေကြပါတယ်။ အောက်တို ဘာလ(၉)ရက်မှာမုန်တိုင်းသတိပေးချက်ကိုအဆင့်(၂)လို့ထုတ်ပြန်ခဲ့ပေမဲ့ အောက်တိုဘာလ(၁၀)ရက်မနက်ပိုင်းမှာတော့ အမြင့် ဆုံးသတိပေးချက်အဆင့်(၅)အဖြစ်ပြောင်းလဲထုတ်ပြန်ခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ်ထဲက ဒေသခံ(၃)သိန်းကျော်ကိုရွှေ့ပြောင်း ကြဖို့ အာဏာပိုင်တွေကညွှန်ကြားထားပေမဲ့ တချို့ကတော့အဲဒီညွှန်ကြားချက်တွေကိုလျစ်လျူရှုခဲ့ကြတယ်လို့သိရပါတယ်။

 

 

 

 

 

 

Related News