ယခုနှစ်ရာသီမှာမိုနာကိုအသင်းကို ပုံစံကောင်းတွေရရှိအောင်စွမ်းဆောင်နိုင်ခြင်းမရှိခဲ့တာကြောင့် နည်း ပြရာထူးကနေထုတ်ပယ်ခံခဲ့ရတဲ့ဂျာဒင်းဟာ စီးပွားရေးအရမှာတော့ အသင်းကိုအကျိုးအမြတ်ပေါင်းများစွာရယူ ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။(၂၀၁၄) ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့က မိုနာကိုအသင်းကိုစတင်ကိုင်တွယ်ခဲ့တဲ့နည်းပြဂျာဒင်းဟာ ယခု နှစ်ရာသီမှာ မိုနာကိုအသင်းကိုအကောင်းဆုံးသောပုံစံကောင်းတွေရရှိအောင်စွမ်းဆောင်ပေးနိုင်ခြင်းမရှိခဲ့ပဲ၊ ပြင် သစ်လိဂ်ဂူးဝမ်းပွဲစဉ် (၉) ပွဲကိုင်တွယ်ခဲ့ရာမှာ (၁) ပွဲသာအနိုင်ရရှိခဲ့ပြီး၊ (၃) ပွဲသရေနဲ့ (၅) ပွဲအထိရှုံးနိမ့်ခဲ့ပါတယ်။

(၂၀၁၆-၁၇) ဘောလုံးရာသီမှာ မိုနာကိုအသင်းကို ပြင်သစ်လိဂ်ဂူးဝမ်းချန်ပီယံဖြစ်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပေ မယ့်လည်း ယခုနှစ်ရာသီရဲ့ဆိုးရွားတဲ့စွမ်းဆောင်ရည်တွေကြောင့် ဂျာဒင်းအနေနဲ့ နည်းပြရာထူးကနေထုတ်ပယ် ခံခဲ့ရပါတယ်။ (၂၀၁၄) ခုနှစ်ကနေ (၂၀၁၈) ခုနှစ်အထိ (၅) နှစ်အတွင်း ဂျာဒင်းကိုင်တွယ်ခဲ့တဲ့မိုနာကိုအသင်း ဟာ အပြောင်းအရွှေ့ကာလမှာစီးပွားရေးအရအပေါင်းလက္ခဏာဆောင်ခဲ့ပြီး၊ ပြောင်းရွှေ့ကြေးပေါင်သန်း (၇၅၀) အထိရရှိခဲ့ပါတယ်။

မိုနာကိုအသင်းကရောင်းချခဲ့တဲ့နာမည်ကြီးအပြောင်းအရွှေ့တွေအဖြစ် ပီအက်စ်ဂျီအသင်းကို ရောင်းချခဲ့တဲ့ လူငယ်တိုက်စစ်မှူးဘာပေရဲ့ပြောင်းရွှေ့ကြေးက ပေါင် (၁၆၆) သန်းနဲ့အမြင့်ဆုံးဖြစ်ခဲ့ပြီး၊ ဒုတိယ နေရာမှာတော့ ရီးရဲယ်လ်မက်ဒရစ်အသင်းကိုပေါင် (၆၅.၅) သန်းနဲ့ရောင်းချခဲ့တဲ့ကွင်းလယ်လူဂျိမ်းစ်ရိုဒရီဂွတ်ဒ်နဲ့ တတိယနေရာမှာတော့ မန်ယူအသင်းကိုပြောင်းရွှေ့ကြေးပေါင် (၅၄) သန်းနဲ့ရောင်းချခဲ့တဲ့ မာရှယ်လ်ရဲ့အ ပြောင်းအရွှေ့တွေက မိုနာကိုအသင်းရဲ့နာမည်ကြီးအပြောင်းအရွှေ့တွေအဖြစ်ရှိခဲ့ပါတယ်။

ဒါ့အပြင်အခြားသော အပြောင်းအရွှေ့တွေအဖြစ်လည်း အက်သလက်တီကိုမက်ဒရစ်အသင်းကိုရောင်းချခဲ့တဲ့လီမာ၊ မန်စီးတီးအသင်း ကိုရောင်းချခဲ့တဲ့မန်ဒီနဲ့ ဘာနာဒိုဆေးလ်ဗား၊ လီဗာပူးလ်အသင်းကိုရောင်းချခဲ့တဲ့ဖာဘင်ဟို၊ ချယ်လ်ဆီးအသင်း ကိုရောင်းချခဲ့တဲ့ ဘာကာယိုကိုတို့ရဲ့အပြောင်းအရွှေ့တွေကလည်း ပြောင်းရွှေ့ကြေးမြင့်မားတဲ့အပြောင်းအရွှေ့ တွေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်းနည်းပြဂျာဒင်းအနေနဲ့ အသင်းကိုစီးပွားရေးအရအကျိုးအမြတ်ပေါင်းများစွာရယူပေးနိုင် ခဲ့ပေမယ့် ပုံစံကောင်းတစ်ခုကိုပြသနိုင်ခြင်းမရှိခဲ့တာကြောင့် နည်းပြရာထူးကနေထုတ်ပယ်ခံခဲ့ရတယ်လို့သိရပါ တယ်။

 

 

 

Related News