အမေရိကန်သက်တမ်းဝက်ရွေးကောက်ပွဲအပြီးမှာ တရားမ၀င်ရွှေ့ပြောင်း လာသူတွေကို ကန့်သတ်တဲ့ဥပဒေကို အမေရိကန်အစိုးရကထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုတောင်ပိုင်းနယ်စပ်မျဉ်းကနေ နိုင်ငံထဲဝင်ရောက်လာတဲ့တရားမ၀င်ရွှေ့ပြောင်းအခြေချသူတွေဟာ ဥပ ဒေသစ်အရ ခိုလှုံခွင့်ရတော့မှာမဟုတ်ဘူးလို့ အမေရိကန်အစိုးရဘက်ကပြောပါတယ်။ အမေရိကန်သမ္မတရဲ့နိုင်ငံတွင်းဝင်ရောက် ခွင့်ကန့်သတ်ထားတာကို ချိုးဖောက်ခဲ့သူတွေအတွက်ခိုလှုံခွင့်ကို ဒီအမိန့်က တားဆီးနိုင်တော့မယ်လို့ အမေရိကန်တရားရေးဝန် ကြီးဌာနနဲ့ အမိမြေလုံခြုံရေးဝန်ကြီးဌာနတို့က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရဲ့အကျိုးစီးပွားအတွက် အမေရိကန်သမ္မတက ရွှေ့ ပြောင်းအခြေချတာကို တားမြစ်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်တစ်ခုမှာပါဝင်ပါတယ်။ ပြီးခဲ့တဲ့အမေရိကန်သက်တမ်းဝက်ရွေး ကောက်ပွဲအတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့မဲဆွယ်စည်းရုံးမှုတွေထဲမှာ ရွှေ့ပြောင်းအခြေချမှုကလည်း အဓိကပါဝင် နေတဲ့အချက်ပါ။ အမေရိကတိုက်အလယ်ပိုင်းကရွှေ့ပြောင်းအခြေချသူတွေက မက္ကဆီကိုနယ်စပ်တစ်လျှောက်မြောက်ဘက်ကို ဦးတည်လာနေတာကို ထရမ့်က မကြာခဏဝေဖန်လေ့ရှိပြီး ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်း အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ တပ်ဖွဲ့တွေနေရာချထားဖို့ ညွှန်ကြားခဲ့သလို ရွှေ့ပြောင်းအခြေချသူတွေဟာ ကျူးကျော်မှုတစ်ရပ်ဖြစ်တယ်လို့လည်း ထရမ့်ကကြေ ညာထားပါတယ်။ အခုထုတ်ပြန်လိုက်တဲ့အမိန့်ဟာ တရားမ၀င်တဲ့လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်အရပ်သားလွတ်လပ်ခွင့်ဆိုင် ရာသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။

 

 

Related News