ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်နေတာကြောင့် လူထောင်ချီဘေးလွတ်ရာရွှေ့ပြောင်းနေပြီး လေတိုက်နှုန်းကြောင့် မီးအရှိန်ပိုပြင်းထန်နေပါတယ်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းက ဆီရာရာတောင်ပူစာကို တောမီးတဖြည်းဖြည်းချင်းရွှေ့လာတာ ကြောင့် ဒေသခံထောင်ချီက ဘေးလွတ်ရာရွှေ့ပြောင်းနေကြပါတယ်။ ခရိခ်အပန်းဖြေစခန်းနားမှာ နိုဝင်ဘာလ(၈)ရက်ကစပြီး တောမီးလောင်ခဲ့ပြီး လေပြင်းတွေတိုက်နေတာနဲ့ သစ်တောတွေခြောက်သွေ့နေတာတွေကြောင့် မီးညွှန့်ပိုအားကောင်းလာတာပါ။ ရပ်ကွက်တွေ၊ ကျောင်းတွေနဲ့ ဆေးရုံတွေကလူတွေကို ဘေးလွတ်ရာပြောင်းရွှေ့ခဲ့ပြီးဖြစ်ပေမဲ့ လူ(၂၀၀၀၀)ကျော်လောက်နေ ထိုင်ကြတဲ့ပရာဒိုက်စ်မြို့မှာတော့ မီးညွှန့်တွေ ကြားထဲပိတ်မိနေသူတွေရှိနေသေးတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ အ ထိအခိုက်ရှိသူစာရင်းကိုတော့ အတည်မပြုနိုင်သေးဘူးလို့ အာဏာပိုင်တွေကပြောပါတယ်။ နိုဝင်ဘာ(၈)ရက်နေ့လည်ပိုင်းမှာ မီး လောင်ခဲ့တာဧက(၂၀၀၀၀)ကျော်နေပြီလို့ ကယ်လီဖိုးနီးယားမီးသတ်ဌာနကပြောပါတယ်။ လေတိုက်နှုန်းတစ်နာရီကိုမိုင်(၅၀) လောက်ရှိနေတဲ့အတွက် မီးပျံ့နှံ့တာပိုမြန်ခဲ့ပြီး ဒေသခံတချို့က သူတို့ယာဉ်တွေကိုစွန့်ပစ်ပြီး ခြေလျင်သွားနေကြတာတွေရှိနေ တယ်လို့ ဒေသတွင်းမီဒီယာတွေမှာသတင်းဖော်ပြနေပါတယ်။ အဲဒီဒေသမှာ လူထောင်ချီက လျှပ်စစ်ဓာတ်အားပြတ်တောက် နေကြတယ်လို့လည်း သိရပါတယ်။

 

 

 

Related News