ကမ္ဘာပေါ်က သဘာဝ အံ့ဖွယ်(၇)မျိုးထဲမှာ သန္တာကျောက်တန်းတွေက လည်း(၁)ခုအပါအ၀င်ဖြစ်ပြီး သန္တာကျောက်တန်းတွေ မရှိတော့ဘူးဆိုရင် အဏ္ဏ၀ါ သတ္တ၀ါတွေသာမက လူသားတွေအတွက်ပါထိ ခိုက်မှုတွေရှိလာနိုင်တယ်လို့ သိရပါတယ်။ ကမ္ဘာကြီးပေါ်မှာ အံ့သြစရာကောင်းလောက်အောင်ထူးခြားဆန်းပြားတဲ့ သဘာဝအံ့ဖွယ်(၇)မျိုးရှိပြီး အဲဒီထဲမှာ သန္တာ ကျောက်တန်းတွေကလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ကမ္ဘာကြီးပေါ်က ရာသီဥတုပြောင်းလဲမှုတွေရဲ့ ရလဒ်တွေကြောင့် ကမ္ဘာပေါ်ကသန္တာ ကျောက်တန်းတွေ(၅၀)ရာခိုင်နှုန်းအထိဆုံးရှုံးခဲ့ပါတယ်။ သန္တာကျောက်တန်းတွေကို အရေးတယူထိန်းသိမ်း စောင့်ရှောက်မှုတွေ မလုပ်ဘူးဆိုရင် လာမယ့်(၂၀၅၀)ခုနှစ်မှာသန္တာကျောက်တန်းတွေ အားလုံးနီးပါးပျောက်ကွယ်သွားနိုင်တယ် လို့ ကျွမ်းကျင်သူတွေ ကခန့်မှန်းနေကြပါတယ်။

ကမ္ဘာ့အကြီးဆုံးသန္တာကျောက်တန်းရဲ့ဂေဟစနစ်ကို သန္တာကျောက်တန်း (၃၀၀၀) နီးပါးနဲ့ ဖွဲ့စည်းထားပြီး (၂၃၀၀)ကီလိုမီတာ (ဒါမှမဟုတ်) မိုင်ပေါင်း(၁၄၀၀)ကျော်ရှည်လျားပါတယ်။ ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းကြီးထဲမှာ အမျိုး အစားမတူညီတဲ့သန္တာကျောက်တန်း(၄၀၀)လောက်ရှိပြီး ငါးမျိုးစိတ်ပေါင်း(၁၅၀၀)ကျော်ရဲ့ ရှင်သန်ရာနေရာလည်း ဖြစ်ပါတယ်။ မကြာသေးခင်နှစ်တွေတုန်းက ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုတွေကြောင့် သန္တာကျောက် တန်းပျက်စီးမှုတွေရှိခဲ့သလို အရောင် ကျွတ်ကုန်တာမျိုးတွေလည်းရှိခဲ့ပါတယ်။

ရေထဲမှာအပူချိန်တွေမြင့်တက်လာရင် သန္တာ ကျောက်တန်းတွေဟာ သူတို့ရဲ့တစ်ရှူးတွေ ထဲမှာ နေထိုင်တဲ့ရေညှိတွေကို မှုတ်ထုတ်လာတာကြောင့် သန္တာကျောက်တန်း တွေကို အဖြူရောင်ပြောင်းသွားစေရုံသာမက သူတို့ရဲ့အစားအစာအရင်းအမြင်ကိုပါ သူတို့ကိုယ်တိုင်ဖယ်ရှားပစ်သလို ဖြစ်စေ ပါတယ်။ အဏ္ဏ၀ါသတ္တ၀ါတွေအားလုံးရဲ့ (၃)ပုံ (၁)ပုံအတွက် မရှိမဖြစ်လိုအပ်တဲ့ဂေဟစနစ်ကိုသန္တာကျောက်တန်းတွေက ပေးတာဖြစ်ပါတယ်။ သန္တာကျောက်တန်းတွေမရှိတော့ ဘူးဆိုရင် ဘီလီယံနဲ့ချီတဲ့အဏ္ဏ၀ါသတ္တ၀ါမျိုးစိတ်ကိုထိခိုက်စေမှာဖြစ်ပြီး အကျိုးဆက်အနေနဲ့ သန်းနဲ့ချီတဲ့လူတွေအတွက် အစား အစာအရင်းအမြစ်ကိုလည်းဆုံးရှုံးစေမှာဖြစ်ပါတယ်။ အဏ္ဏ၀ါသတ္တ၀ါ တွေ မရှိတော့ရင် ငါးဖမ်းလုပ်ငန်းတွေမှာလုပ်ကိုင်ကြတဲ့ လူ ပေါင်းများစွာကိုလည်းအလုပ်လက်မဲ့ဖြစ်စေမှာပါ။ အခုချိန်မှာ သန္တာကျောက်တန်းတွေအသစ်တစ်ဖန်ပြန်လည်မွေးဖွားနိုင်အောင် ကူညီပေးနိုင်ရေးအတွက် သြစတြေလျတက္ကသိုလ်(၂)ခုက စတင် ကြိုးပမ်းနေပြီလို့သိရပါတယ်။

 

 

 

 

Related News