ကယ်လီဖိုး နီးယားပြည် နယ်ထဲက တောမီးလောင်မှု(၂)ခုကြောင့် လက်ရှိမှာလူ(၉)ဦးသေဆုံးခဲ့ပြီး နောက်ပိုင်းမှ သေဆုံးဦး ရေတိုး လာနိုင်တယ်လို့ သိရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ထဲမှာ ကြီးမားတဲ့တောမီးလောင်မှု(၂)ခုဖြစ်နေတာကြောင့် အနည်းဆုံးလူ(၉)ဦးသေဆုံးပြီး နောက်ထပ် လူ(၁)သိန်းခွဲလောက်ဘေးလွတ်ရာရွှေ့ပြောင်းနေရတယ်လို့ ဒေသအာဏာပိုင်တွေကပြောပါတယ်။ သေဆုံးခဲ့ သူတွေထဲကလူ (၅)ဦးဟာ စခရမ်မန်တို မြို့မြောက်ပိုင်းကဖြစ်ပြီး တောမီးလောင်မှုကြောင့်ကားထဲမှာသေဆုံးခဲ့တာပါ။

နိုဝင်ဘာလ(၈)ရက်နေ့ လည်ပိုင်းက စလောင်ခဲ့တဲ့ တောမီးလောင်မှုကြောင့် လယ်ယာမြေဧက(၁၄၀၀၀)အထိ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ လေတိုက် နှုန်းပြင်းထန်တာနဲ့ သစ်တောတွေခြောက်သွေ့နေတာက တောမီးလောင်မှုကိုလျင်လျင်မြန်မြန်ပျံ့နှံ့ သွားစေတဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။ လော့အိန် ဂျယ်လိ့စ်မြို့အနောက်ဘက်က အဓိကအဝေးပြေးလမ်းတစ်ခုပေါ်ကိုလည်း နိုဝင်ဘာလ(၉)ရက်ညလယ် ပိုင်းက တောမီးပျံ့နှံ့လာတယ်လို့သိရပါတယ်။ Thousand Oaks မြို့အနောက်ပိုင်းကိုတောမီးပျံ့နှံ့ လာ တာကြောင့် အဲဒီဒေသက မြို့ခံထောင်ချီ ကိုရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေကညွှန်ကြားထားပြီး မယ်လီဗူမြို့နဲ့ လော့ အိန်ဂျယ်လိ့စ်မြို့အနောက်ပိုင်းက ဒေသခံတွေကိုလည်း ရွှေ့ပြောင်းဖို့ညွှန်ကြားထားတာပါ။

မယ်လီဗူမြို့က သူမရဲ့အိမ်ကို ရွှေ့ပြောင်းခဲ့တယ်ဆိုတာနဲ့ တောမီး လောင်နေတဲ့ဗီဒီယိုဖိုင်တစ်ခုကို Instagramမှာအမေရိကန်နာမည်ကြီးအဆိုတော် တစ်ဦး ဖြစ်တဲ့ လေဒီဂါဂါကရေးသား ဖော်ပြ ခဲ့ပါတယ်။ လေတိုက်နှုန်းက တစ်နာရီကို(၃၅)မိုင်နှုန်းနဲ့ တိုက်ခတ်နေတာကြောင့် တောမီး လောင်မှုကိုထိန်းချုပ်ရာမှာ အခက် အခဲဖြစ်စေတယ်လို့ မီးသတ်အရာရှိတွေကပြောပါတယ်။ လူ(၉)သောင်းကျော်နေထိုင်တဲ့ ချီကိုမြို့တစိတ်တပိုင်းက ဒေသခံတွေကိုလည်းရွှေ့ပြောင်းဖို့ မီးသတ်အရာရှိတွေက သတိပေးထားတယ်လို့ သိရပါတယ်။

 

 

Related News