အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံမန်စီးတီးအသင်းဟာ အသင်းရဲ့ကစားသမားစာရင်းမှာ အဓိက ကစားသမား တစ်ဦးအဖြစ်ရှိနေတဲ့ တောင်ပံကစားသမားစတားလင်းကို စာချုပ်သစ်ချုပ်ဆိုခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ စတားလင်းဟာ (၂၀၁၅)ခုနှစ်မှာ လီဗာပူးအသင်းမှ မန်စီးတီးအသင်းထံကို ပြောင်းရွေ့ကြေးပေါင်(၄၄)သန်းနဲ့ ပြောင်းရွေ့လာသူ ဖြစ်ပြီး (၂၀၁၅-၁၆)ဘောလုံးရာသီမှ လက်ရှိအချိန်ထိ အသင်းရဲ့ပွဲထွက်ကစားသမားစာရင်း မှာအရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ စတားလင်းဟာ ယခုနှစ်ရာသီမပါဝင်ပဲ မန်စီးတီးအသင်းမှာက စားထားတဲ့ ဘောလုံးရာသီ(၃)ရာသီအတွင်းမှာ တစ်ရာသီကို ပြိုင်ပွဲစုံပွဲစဉ်ပေါင်း(၄၀)ကျော်ပါဝင်ကစားခွင့်ရရှိ ထားသူဖြစ်ပါတယ်။

သူဟာယခုနှစ်ဘောလုံးရာသီမှာ မန်စီးတီး အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ်(၉)ပွဲအပါ အ၀င် ပြိုင်ပွဲစုံပွဲစဉ်(၁၄)ပွဲပါဝင်ကစားထားပြီး လိဂ်ဂိုး(၆)ဂိုးနဲ့ ပြိုင်ပွဲစုံသွင်းဂိုး (၇)ဂိုး သွင်းယူထားပါတယ်။မန်စီးတီး အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ အဓိကကျနေတဲ့ ကစားသမားတစ်ဦးအဖြစ် ရှိနေတဲ့ စတားလင်းဟာ လာမယ့်နွေရာသီအပြောင်းအရွေ့မှာ ရီးယဲမက်ဒရစ်အသင်းအပါအ၀င် ဥရောပအသင်းအချို့က အလိုရှိနေတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ မန်စီးတီးဟာ အသင်းမှာဆက်လက်ထိန်းသိမ်းနိုင်ဖို့ စာချုပ်သစ်ချုပ် ဆိုခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ အသက်(၂၃)နှစ်အရွယ် တောင်ပံကစားသမားစတားလင်းကို (၃)နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး စတာလင်းဟာ (၂၀၂၃)ခုနှစ်ထိ အသင်းမှာဆက်ရှိနေတော့မှာဖြစ်ပါတယ်။ မန်စီးတီးနဲ့ စာချုပ်သစ် ချုပ် ဆိုခဲ့တဲ့ စတားလင်းဟာ တစ်ပတ်လုပ်ခပေါင်(၃)သိန်းထိရရှိဖို့ရှိနေပြီး အသင်း နဲ့စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့အပေါ် ၀မ်းသာမိ ကြောင်း ဒီအသင်းမှာသူ့ရဲ့ ခြေစွမ်းပိုင်းဖွံ့ဖြိုးတိုးတက်လာမှုကို မယုံ ကြည်နိုင်လောက်အောင် ဖြစ်မိကြောင်းဖွင့်ဟသွားခဲ့ ပါတယ်။

 

 

 

Related News