အာကာသထဲကနေ ကမ္ဘာမြေပေါ်ကို ပစ္စည်းတွေအောင်အောင်မြင်မြင်ပြန်ပို့ပေးလိုက်နိုင်တယ်လို့ ဂျပန်အာကာသအေဂျင်စီ(ဂျာ ဆာ)ကပြောပါတယ်။ နိုဝင်ဘာလ(၁၀)ရက်ဂျပန်စံတော်ချိန်မနက်ပိုင်းမှာ ကြိုတင်စီစဉ်ထားတဲ့အတိုင်း ပရိုတိန်းအမှုန့်တွေပါဝင် တဲ့လေလုံဘူးတွေက နိုင်ငံတကာအာကာသစခန်း(ISS)ကနေ ကမ္ဘာပေါ်ကိုပြန်ရောက်ခဲ့တာပါ။ ပစိဖိတ်သမုဒ္ဒရာထဲကို အဲဒီဘူး ကျသွားခဲ့ပြီး ဘူးကိုပြန်ဆယ်ဖို့ ဂျာဆာက သင်္ဘောတစ်စင်းစေလွှတ်ခဲ့ပါတယ်။ နိုဝင်ဘာလ(၈)ရက်မှာ မြေပြင်အထက်ကီလိုမီ တာ(၄၀၀)လောက်ကနေ ကမ္ဘာကိုလှည့်ပတ်နေတဲ့ ကိုအူတိုနိုရီဆဲဗင်းအာကာသယာဉ်က ISSကနေခွာထွက်ခဲ့ပြီး ကမ္ဘာနားကို ပိုကပ်လာဖို့ ကြားထဲကအမြင့်ပေကိုလျှော့ချခဲ့တာပါ။ နိုဝင်ဘာ(၁၀)ရက်မနက်ပိုင်းမှာ လေလုံဘူးကိုဖြုတ်ချခဲ့ပြီး အိုဂါဆာဝါရာ ကျွန်းစုတွေနားမှာ လေလုံဘူးကိုပြန်တွေ့ခဲ့တယ်လို့ ဂျာဆာကပြောပါတယ်။ အစောပိုင်းမှာ အာကာသထဲကနေ လေလုံဘူးတွေ ပြန်ပို့ဖို့ အမေရိကန်နဲ့ရုရှားနိုင်ငံတို့ကို ဂျပန်ကမှီခိုခဲ့ရပြီး အခုလိုအာကာသလေ့လာရှာဖွေရေးမှာ မိုင်တိုင်တစ်ခုစိုက်နိုင်ခဲ့တာ ကြောင့် ဂျပန်သုတေသနပညာရှင်တွေက အောင်ပွဲခံခဲ့ကြပါတယ်။ 

 

 

Related News