နိုဝင်ဘာလ(၁၁)ရက်မနက်(၁၂)နာရီထိုးပြီး (၂)မိနစ်(၅)စက္ကန့်အတွင်းယွမ်(၁၀)ဘီလီယံ (အမေရိကန်ဒေါ်လာသန်း(၁၄၄၀) လောက်)တန်ဖိုးရှိတဲ့ပစ္စည်းတွေကို ရောင်းချခဲ့ရတယ်လို့ TMall.comကိုပိုင်ဆိုင်တဲ့ အလီဘာဘာလုပ်ငန်းစုကထုတ်ပြန်ခဲ့ပါတယ်။ နိုဝင်ဘာ(၁၁)ရက်နေ့ကို စင်ဂယ်လ်စ်ဒေး ဒါမှမဟုတ် တစ်(၂)လုံးနေ့လို့ခေါ်ကြပြီး အဲဒီနေ့မှာ အလီဘာဘာက နှစ်စဉ်ဈေးရောင်း ပွဲတော်ကျင်းပတဲ့နေ့ဖြစ်ပါတယ်။ အခုနှစ်ဈေးရောင်းပွဲတော်မှာ နိုင်ငံ(၇၅)နိုင်ငံက အမှတ်တံဆိပ်(၁၉၀၀၀)ကျော်ပါဝင်ရောင်းချခဲ့ တယ်လို့ အလီဘာဘာကထုတ်ပြန်ခဲ့ပါတယ်။ ၀ယ်စရာတွေများနေတာကြောင့် ဈေးဝယ်သူတွေကလုပ်တဲ့ငွေလွှဲတာတွေလည်း အများကြီးရှိခဲ့တယ်လို့သိရပါတယ်။ အလီဘာဘာကစတင်ခဲ့တဲ့အဲဒီဈေးရောင်းပွဲတော်ဟာ အလီဘာဘာရဲ့မိတ်ဖက်တွေက လည်းပါဝင်လာတာကြောင့် တရုတ်နိုင်ငံမှာသာမက တစ်ကမ္ဘာလုံးကိုပျံ့နှံ့လာတဲ့ပွဲတော်တစ်ခုဖြစ်နေပါပြီ။ နှစ်တိုင်းအဲဒီပွဲတော် ကာလမှာ အလီဘာလာပိုင်တဲ့အွန်လိုင်းဈေးဝယ်ဝက်ဆိုက်နှစ်ခုဖြစ်တဲ့ တောင်ပေါင်ဒေါ့ကွန်းနဲ့ တီမောဒေါ့ကွန်းတို့မှာ ဈေးဝယ် ကြတာဟာ အွန်လိုင်းဈေးဝယ်ဝက်ဆိုက်တချို့ထက်အကျိုးအမြတ်ပိုများတယ်လို့ အလီဘာဘာရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ 

 

 

 

Related News