ပြီးခဲ့တဲ့စက်တင်ဘာလမှာ သြစတြေးလျနိုင်ငံကသစ်သီးတွေထဲမှာ အပ်တွေပါနေတာကြောင့် စုံစမ်းမှုတွေအပြီးမှာ နိုဝင်ဘာလ(၁၁)ရက်က စတော်ဘယ်ရီသီးတွေထဲအပ်တွေစိုက်ခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းမိခဲ့ပါတယ်။စတော်ဘယ်ရီသီးတွေထဲမှာ အပ်တွေစိုက်ခဲ့တဲ့အမျိုးသမီးကို နိုဝင်ဘာလ(၁၁)ရက်က သြစတြေးလျနိုင်ငံ၊ ကွင်းစ်လန်းပြည်နယ် မှာဖမ်းမိခဲ့တယ်လို့ သြစတြေးလျရဲတပ်ဖွဲ့ကပြောပါတယ်။ အဲဒီအမျိုးသမီးဟာ အသက်(၅၀)အရွယ်ရှိပြီဖြစ်ပြီး သူလုပ်ခဲ့တဲ့ပြစ်မှုအ တွက်သြစတြေးလျနိုင်ငံမှာ မပြဋ္ဌာန်းရသေးတဲ့ဥပဒေသစ်နဲ့ ရင်ဆိုင်ရတော့မှာပါ။

ပြီးခဲ့တဲ့စက်တင်ဘာလက ဈေးဝယ်စင်တာတွေ မှာရောင်းချတဲ့ စတော်ဘယ်ရီသီး၊ ပန်းသီးနဲ့ ငှက်ပျောသီးတွေမှာ အပ်တွေပါဝင်နေတာကြောင့် ဈေးဝယ်သူတွေက သက်ဆိုင်ရာ ကိုအကြောင်းကြားခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းမှာစုံစမ်းမှုတွေစတင်ပြုလုပ်ခဲ့ပါတယ်။ စတော်ဘယ်ရီသီးတွေထဲမှာ အပ်တွေပါနေ တယ်ဆိုတာအကြောင်းကြားခဲ့တဲ့ဖြစ်ရပ်ပေါင်း(၁၀၀)ကျော်ရှိပြီး မသင်္ကာဖွယ်ဖြစ်အောင်ဟန်ဆောင်ခဲ့တဲ့ဖြစ်ရပ်(ဒါမှမဟုတ်)လူမှုကွန်ရက်တွေမှာ လူအများအာရုံစိုက်အောင် ကြံဖန်လုပ်ဆောင်ခဲ့တဲ့ဖြစ်ရပ်တွေလည်း ရှိခဲ့တယ်လို့သိရပါတယ်။ သစ်သီးတွေထဲမှာ အပ်တွေပါနေတာကြောင့် ဈေးဝယ်စင်တာတွေကသစ်သီးတွေကိုလယ်သမားတွေဆီကမ၀ယ်တော့တဲ့အတွက် လယ်သမားတွေ က သူတို့ရဲ့သစ်သီးတွေကို ပုံထားခဲ့ရပါတယ်။

ကွင်းစ်လန်းပြည်နယ်ထဲက ပထမဆုံးထွက်ပေါ်လာတဲ့ဖြစ်ရပ်မှာ အမျိုးသားတစ်ဦး ကစတော်ဘယ်ရီသီးတွေကိုစားပြီးနောက် အစာအိမ်ဝေဒနာကိုခံစားခဲ့ရပြီး ဆေးရုံကိုပို့ပေးခဲ့ရတာပါ။ အဲဒီဖြစ်ရပ်တွေကိုတုံ့ပြန်တဲ့ အနေနဲ့ သြစတြေလျအစိုးရက သစ်သီးတွေထဲမှာအပ်စိုက်ခဲ့သူကို ထောင်ဒဏ်(၁၀)နှစ်ကနေ အမြင့်ဆုံး(၁၅)နှစ်အထိချမှတ်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ဖမ်းမိထားတဲ့အမျိုးသမီးရဲ့အမည်ကို သြစတြေးလျရဲတပ်ဖွဲ့ကထုတ်ဖော်ပြောကြားတာမရှိသေးဘဲ နိုဝင်ဘာ လ(၁၂)ရက် ဒီနေ့မှာ ကွင်းစ်လန်းပြည်နယ်၊ မြို့တော် ဘရစ္စဘိန်းကတရားရုံးမှာ စစ်ဆေးသွားမယ်လို့သိရပါတယ်။

 

 

Related News