မြောက်ကိုရီးယားနိုင်ငံမှာ မကြေညာထားတဲ့ဒုံးကျည်တွေဖန်တီးထုတ်လုပ်နေတဲ့စခန်းအခု(၂၀)လောက်ထဲက (၁၃)ခုကို တွေ့ရှိခဲ့ ရတယ်လို့ အမေရိကန်အကြံပေးအဖွဲ့(CSIS)ကပြောပါတယ်။ အမေရိကန်နဲ့ညှိနှိုင်းမှုတွေရှိထားပေမဲ့ အဲဒီစခန်းတွေကိုပြုပြင်ထိန်း သိမ်းမှုတွေလုပ်ထားတာနဲ့ အသေးစားအခြေခံအဆောက်အဦး ဆိုင်ရာဖွံ့ဖြိုးမှုတွေရှိနေတယ်လို့ နိုဝင်ဘာလ(၁၂)ရက်က ထုတ် ပြန်ခဲ့တဲ့ ၀ါရှင်တန်ဒီစီအခြေစိုက် မဟာဗျူဟာနှင့်နိုင်ငံတကာလေ့ လာရေးစင်တာ(CSIS)ရဲ့အစီရင်ခံစာမှာပါဝင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လတုန်းက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားအလုပ်သမားပါတီဥက္ကဋ္ဌ ကင်ဂျုံအွန်တို့ စင်ကာပူနိုင် ငံမှာ တွေ့ဆုံပြီး ကိုရီးယားကျွန်းဆွယ်နျူကလီးယားဖျက်သိမ်းရေးအတွက်သဘောတူညီမှုတွေပြုလုပ်ခဲ့ပေမဲ့ အသေးစိတ်အချက်အ လက်တွေမှာတော့ သဘောတူညီမှုတွေလိုအပ်နေပြီး ညှိနှိုင်းဆွေးနွေးမှုတွေမှာလည်း တိုးတက်မှုအနည်းငယ်သာရှိပါတယ်။ မြောက်ကိုရီးယားရဲ့ဒုံးကျည်တွေထားတဲ့စခန်းတချို့အသက်ဝင်နေသေးတယ်ဆိုတာကို ပြီးခဲ့တဲ့လပိုင်းမှာကတည်းက မြောက် ကိုရီးယားအရေးနဲ့ဆက်စပ်နေတာတွေကို တစိုက်မတ်မတ်ဖော်ပြတဲ့ North 24သတင်းဝက်ဆိုက်ကသတင်းဖော်ပြခဲ့ဖူးပါတယ်။

 

 

Related News