ကိုရီးယားကျွန်းဆွယ်နျူကလီးယားဖျက်သိမ်းရေးအစီအစဉ်ပြီးမြောက်အောင် ဂျပန်နိုင်ငံအတူပူးပေါင်းလုပ်ဆောင်ဖို့ အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ် ကသဘောတူခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲကပြောပါတယ်။ ဂျပန်ဝန်ကြီးချုပ်ရုံးမှာ အမေရိ ကန်ဒုတိယသမ္မတ မိုက်ပန့်စ်နဲ့ ဂျပန်ဝန်ကြီးချုပ် အာဘဲတို့အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီးနောက် ပန့်စ်နဲ့ အာဘဲတို့က ဂျပန် နိုင်ငံ၊ မြို့တော် တိုကျိုမှာ နိုဝင်ဘာလ(၁၃)ရက်က ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ သင်္ဘောအချင်းချင်းကုန် စည်လွှဲပြောင်းမှုတွေမလုပ်ဖို့ တားမြစ်ထားတဲ့ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်ကိုလေးစားလိုက်နာပြီး ဂျပန်နဲ့ အမေရိကန်နိုင်ငံတို့ ဘက်က လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်မှုတွေဆက်လုပ်သွားမှာဖြစ်တယ်လို့ အာဘဲကပြောခဲ့ပါတယ်။ နှစ်နိုင်ငံကြားမှာရှိ နေတဲ့ ပြဿနာတချို့ကို ဆက်လက်ဖြေရှင်းသွားဖို့ ဂျပန်နဲ့ အမေရိကန်နိုင်ငံတို့သဘောတူနိုင်ခဲ့ပြီး အထူးသဖြင့် မြောက်ကိုရီး ယားကိုခေါ်ဆောင်ခံခဲ့ရတဲ့ ဂျပန်နိုင်ငံသားတွေအရေးကိုလည်းဖြေရှင်းသွားမယ်လို့လည်း အာဘဲကပြောခဲ့ပါတယ်။ မြောက်ကိုရီး ယားနိုင်ငံဘက်က နျူကလီးယားတွေဖျက်သိမ်းမှုအားလုံးပြီးဆုံးသွားပြီဆိုတဲ့ စစ်ဆေးအတည်ပြုမှုမရမချင်း မြောက်ကိုရီးယားအ တွက် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကလည်းဆက်ရှိနေအုံးမှာဖြစ်တယ်လို့ ပန့်စ် ကပြောခဲ့ပါတယ်။

 

 

Related News