ရာဇ၀တ်မှုနှိမ်နင်းရေးတွေနဲ့ နိုင်ငံသားလက်မှတ်(၂)ခု ကိုင်ဆောင်သူတွေပြဿနာကို ဖြေရှင်းဖို့ ထိုင်းနဲ့ မလေးရှားရဲတပ်ဖွဲ့တို့က သဘောတူညီမှု (၁)ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ နိုဝင်ဘာလ(၁၄)ရက်က ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်မှာကျင်းပခဲ့တဲ့ ပြစ်မှုဆိုင်ရာလှုပ်ရှားမှုအပေါ် ထိုင်း-မလေးရှားပူးတွဲလုပ်ငန်းကော်မတီအစည်းအဝေးရဲ့ (၂၅)ကြိမ်မြောက်ဌာနဆိုင်ရာပြန်လည် သုံးသပ်ရေးအစည်းဝေးမှာ တော်ဝင်ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲဗိုလ်ချုပ်ကြီး ချက်သစ်ချိုင်ဂျင်ဒါနဲ့ မလေးရှားနိုင်ငံရဲတပ်ဖွဲ့ အကြီးအကဲ တန်စီရီမိုဟာမက် ဖူဇီဟာရန်တို့ သဘောတူခဲ့တာပါ။ 

ထိုင်းနဲ့ မလေးရှားနိုင်ငံတို့ရဲ့ နိုင်ငံသားအဖြစ်ခံယူထားတဲ့ နိုင်ငံသားလက်မှတ်(၂)ခုကိုင်ဆောင်သူအနေနဲ့  နိုင်ငံသားလက်မှတ်(၁)ခုကိုသာကိုင်ဆောင်သင့်တယ်လို့  မိုဟာမက်ဖူဇီကပြော ပါတယ်။ နိုင်ငံသားလက်မှတ်(၂)ခုကိုင်ဆောင်သူ အများစုက  ထိုင်းနိုင်ငံတောင်ပိုင်းမှာ သောင်းကျန်းသူတွေနဲ့ဆက်သွယ်ပြီး ရာဇ၀တ်မှုတွေကျူးလွန်ကာ မလေးရှားနိုင်ငံကို ထွက်ပြေးလာကြတယ်လို့လည်း မိုဟာမက်ဖူဇီကပြောပါတယ်။

  မလေးရှား နိုင်ငံက ပြစ်မှုကျူးလွန်သူတွေကလည်း ထိုင်းနိုင်ငံကိုမကြာခဏထွက်ပြေးကြတယ်လို့ မိုဟာမက်ဖူဇီကပြောပါတယ်။ နှစ်နိုင်ငံစ လုံးက မူးယစ်ဆေးဝါးကုန်ကူးမှုနဲ့ နှစ်နိုင်ငံနယ်စပ်က အကြမ်းဖက်အဖွဲ့တွေကို နှိမ်နင်းဖို့ ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ဖို့ လိုတယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဗိုလ်ချုပ်ကြီး  ချက်သစ်ကပြောပါတယ်။

 

 

Related News