အဆင့်မြင့်လက်နက်တစ်ခုအောင်အောင်မြင်မြင်စမ်းသပ်နိုင်ခဲ့ပြီး အဲဒီစမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က ကြည့်ရှုခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်(KCNA)ရုပ်သံကသတင်းဖော်ပြပါတယ်။ ဒါပေမဲ့ ဘာလက်နက်ဆိုတာကိုတော့ တိ တိကျကျမဖော်ပြထားပါဘူး။ ဒါပေမဲ့ အခုစမ်းသပ်မှုဟာ ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်၊ နိုဝင်ဘာလမှာ ဟွာဆောင်း(၁၅)ဒုံးကျည်စမ်းသပ် ခဲ့ပြီး တစ်နှစ်တာအတွင်း ကင်ဂျုံအန် ပထမဆုံးစစ်ဆေးကြည့်ရှုခဲ့တဲ့ အဓိကလက်နက်စမ်းသပ်မှုတစ်ခုပါ။ ဇွန်လမှာကျင်းပခဲ့တဲ့ မြောက်ကိုရီးယား-အမေရိကန်ထိပ်သီးညီလာခံအပြီး ကိုရီးယားကျွန်းဆွယ်နျူကလီးယားဖျက်သိမ်းရေးအတွက် သဘောတူခဲ့ပေ မဲ့ သဘောတူညီချက်မှာ ဘာတွေပါဝင်တယ်ဆိုတာကိုတော့ မသိရပါဘူး။ 

ဒုတိယအကြိမ်ထိပ်သီးညီလာခံကျင်းပဖို့ နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေဟာလည်း အချိန်မကြာခဏရွှေ့ဆိုင်းခဲ့ရပါတယ်။ အခုတစ်ပတ်အစောပိုင်းမှာ မြောက်ကိုရီးယားနိုင်ငံထဲမှာ လျို့ ၀ှက်ဒုံးကျည်စခန်းတွေရှိနေတယ်လို့ အမေရိကန်သုတေသနပညာရှင်တွေကပြောခဲ့ပြီးနောက်မှာ မြောက်ကိုရီးယားက လက်နက် စမ်းသပ်တယ်ဆိုတာထုတ်ပြောခဲ့တာပါ။ ဗျူဟာမြောက်လက်နက်လို့ KCNAသတင်းမှာမပါဝင်တာကြောင့် သာမန်လက်နက်တစ်ခုကို စမ်းသပ်ခဲ့တာဖြစ်နိုင်တယ်လို့ တောင်ကိုရီးယားပြန်လည်ပေါင်းစည်းရေးဝန်ကြီး ချိုမြောင်ဂျွန်းကပြောပါတယ်။

 

 

Related News