ထိုင်းနိုင် ငံကကျောင်းတစ်ကျောင်းမှာ ကလေးငယ်တွေကို အသိပညာပေးဖို့ရည်ရွယ်ပြီး အမှိုက်ပုံးတွေကို ကာတွန်းဇာတ်ကောင်လေး တွေနဲ့ပြုလုပ်ထားပါတယ်။  ထိုင်းနိုင်ငံ၊ အူတရာဒေ့မြို့က ကျောင်း(၁)ကျောင်းမှာ သန့်ရှင်းရေးနဲ့ ရေဆိုးမြောင်းသန့်စင်ရေးအတွက် အမှိုက် ပုံးတွေကိုအနု ပညာအကူအညီတွေနဲ့ဖန်တီးထားပါတယ်။ ကျောင်းရဲ့သန့်ရှင်းတဲ့အခြေအနေနဲ့ ဖန်တီးနိုင်စွမ်းကိုပြသတဲ့အနေနဲ့ အမှိုက်ပုံးတွေ ကိုကာတွန်းဇာတ်ကောင်လေးတွေနဲ့ သရုပ်ဖော်ထားပြီး ကျောင်းသားတွေကို အသိပညာပေးဖို့ ရည်ရွယ်ပြုလုပ်တာလို့သိရပါ တယ်။ အခြေခံကျောင်းသားလေးတွေကတော့ သူတို့အကြိုက်ဆုံးဖြစ်တဲ့ဇာတ်ကောင်ရုပ်ပုံတွေကို ဂရုတစိုက်ကြည့်နေကြပြီး အ မှိုက်ပုံးတွေကိုမှန်မှန်ကန်ကန်နဲ့အသုံးချနိုင်အောင် အမှိုက်ပုံးတွေမှာရေးသားထားတဲ့စာတွေကိုလည်းဖတ်ရှုခဲ့ကြတာပါ။

မကြာ သေးခင်က ထိုင်းစည်ပင်သာယာဘက်က (၂၀)လီတာနဲ့(၂၀၀)လီတာကြားအရွယ်အစားရှိတဲ့အမှိုက်ပုံးတွေကိုပေးခဲ့ပြီးနောက် ကာတွန်းရုပ်လေးတွေနဲ့ အမှိုက်ပုံးတွေကိုပုံဖော်ဖို့စိတ်ကူးရခဲ့တာဖြစ်တယ်လို့ ကျောင်းဒါရိုက်တာ ဒေါက်တာဘွန်ပီယမ် ဆွန်ပက်ခ် ကပြောပါတယ်။ မကြာသေးခင်က ကျောင်းမှာ ကမ္ဘာကြီးပူနွေးလာမှုလျော့ပါးစေရေးစင်တာစတင်ဖွင့်လှစ်ခဲ့ပြီးနောက် ကျောင်း သားတွေက အမှိုက်တွေကို စည်းကမ်းမဲ့မလွှင့်ပစ်ဘဲ အမှိုက်ပုံးထဲစွန့်ပစ်လာအောင် အမှိုက်ပုံးတွေကို ကာတွန်းဇာတ်ကောင် လေးတွေနဲ့ ပြုလုပ်ထားတာလို့သိရပါတယ်။ အမှိုက်သရိုက်တွေအားလုံးက သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်ပြီး သဘာဝ ပတ်ဝန်းကျင်ကိုကာကွယ်ဖို့ ကျောင်းသားတွေကတစ်ဖက်တစ်လမ်းကနေကူညီပေးနိုင်မှာဖြစ်တယ်လို့ ဒေါက်တာ ဘွန်ပီ ကပြော ပါတယ်။

 

Related News