ဇမ်ဘီယာနိုင်ငံနဲ့ ဇင်ဘာဘွေနိုင်ငံတို့ရဲ့ နှစ်နိုင်ငံနယ်စပ်ကြားမှာရှိတဲ့ ဗစ်တိုးရီးယားဖော်လ် ရေတံခွန်ကြီးဟာ Seven Natural Wonders အဖွဲ့အစည်းက အသိအမှတ်ပြုထားတဲ့ သဘာဝအံ့ဖွယ်(၇)မျိုးထဲက တစ်မျိုးပဲဖြစ်ပါတယ်။ အဲဒီရေတံခွန်ကြီးဟာဆိုရင် အမြင့်ပေ(၁၀၈)မီတာနဲ့ အကျယ်(၁၇၀၈)မီတာရှိပြီး ကမ္ဘာ့အကြီးဆုံး ရေတံခွန်ကြီးလည်း ဖြစ်ပါတယ်။ သဘာဝအံ့ဖွယ်(၇)မျိုးထဲမှာ ဗစ်တိုးရီးယားဖောလ်စ် ရေတံခွန်ကြီးကလည်းတစ်ခုအပါအ၀င်ဖြစ်ပါတယ်။ အဲဒီရေတံခွန်ကြီးဟာ ဇမ်ဘီယာနိုင်ငံနဲ့ ဇင်ဘာဘွေနိုင်ငံတို့ရဲ့ နှစ်နိုင်ငံနယ်စပ်ကြားနဲ့ အာဖရိတောင်ပိုင်းက ဇမ်ဘီဇီ မြစ်ရဲ့အပေါ်မှာတည်ရှိပါတယ်။ 

အဲဒီရေတံခွန် ကြီးရဲ့အမြင့်ပေဟာ (၁၀၈)မီတာ (ဒါမှမဟုတ်) (၃၅၄)ပေမြင့်မားပြီး ရေတံခွန်ကြီးရဲ့အကျယ်ကတော့ (၁၇၀၈) မီတာ (ဒါမှမဟုတ်) ပေပေါင်း(၅၆၀၄)ပေကျယ်ဝန်းတာပါ။ ဒီရေတံခွန်ကြီးက သာမန်ရေတံခွန်နဲ့မတူဘဲ ကမ္ဘာပေါ်က အကြီးဆုံး နဲ့ အမြင့်ဆုံးရေတံခွန်ကြီးလည်းဖြစ်ပါတယ်။ ရေတံခွန်ကြီးပေါ်ကစီးဆင်းနေတဲ့ရေတွေရဲ့အကျယ်နဲ့ အမြင့်ပေတွေကို တွက်ချက်ပြီး တခြားကြီးမားတဲ့ ရေတံခွန်တွေနဲ့နှိုင်းယှဉ် ကြည့်ရာမှာ ဗစ်တိုးရီးယားဖော်လ်စ် လောက်ကြီးမားတဲ့ ရေတံခွန် မရှိတာကြောင့် ကမ္ဘာ့အကြီးဆုံးရေတံခွန်ကြီးဆိုပြီး Seven Natural Wonders အဖွဲ့အစည်းက သတ်မှတ်ထားတာပါ။

ရေတံခွန်ကြီးကို (၁၈၅၅)ခုနှစ်၊ နိုဝင်ဘာလ(၁၆)ရက်မှာ စကော့တလန် သာသနာပြုအဖွဲ့နှင့် စူးစမ်းလေ့လာသူတစ်ဦး ဖြစ်တဲ့ ဒေးဗစ်လစ်ဗင်း စတုန်းက ပထမဆုံးစတင်တွေ့ရှိခဲ့တာလို့ ယူဆရပါတယ်။ ရေတံခွန်ပေါ်ကနေ စီးဆင်းနေတဲ့ရေတွေရဲ့အသံကို (၄၀)ကီလိုမီတာ လောက်ကနေတောင်ကြားရတာပါ။ (၁၉၆၀)ခုနှစ်မှာ ဇင်ဘာဘွေနိုင်ငံဟာ ပြောက်ကျားစစ်ပွဲတွေနဲ့ ရုန်းကန် နေရတာကြောင့် နိုင်ငံခြားကလာရောက်လေ့လာသူတွေ လျော့ကျခဲ့ပါတယ်။ ဇင်ဘာဘွေနိုင်ငံထဲက ပြဿနာတွေ ပြီးဆုံး သွားချိန်မှာတော့ ဗစ်တိုးရီးယားဖော်လ်ရေတံခွန်ကြီးကို လာရောက်လေ့လာတဲ့နိုင်ငံခြားခရီးသွားတွေ တဖြည်းဖြည်း များပြား လာခဲ့ပါတယ်။ (၁၉၉၀)ခုနှစ် ကုန်ပိုင်းလောက်မှာတော့ ရေတံခွန်ကြီးကို လာရောက်လေ့လာတဲ့ဧည်သည့်တွေ စ်နှစ်ကို(၃)သိန်း နီးပါးအထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။

 

 

Related News