ပြီးခဲ့တဲ့တစ် နှစ်ကပျောက်ဆုံးခဲ့တဲ့အာဂျင်တီးနားရေတပ်ပိုင်ရေငုပ်သင်္ဘောကို နိုဝင်ဘာလ(၁၆)ရက်မှာပြန်တွေ့ခဲ့ပါတယ်။ ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်မှာပျောက်ဆုံးခဲ့ပြီး သင်္ဘောပေါ်မှာ အမှုထမ်း(၄၄)ဦးပါသွားတဲ့ အာဂျင်တီးနားရေတပ် ပိုင်“အေအာအေ ဆန်ဂျူအန်”ရေငုပ်သင်္ဘောကို ပျောက်ဆုံးပြီး တစ်နှစ်နဲ့တစ်ရက်အကြာမှာပြန်တွေ့ခဲ့ပါတယ်။ အာဂျင်တီးနား ကမ်းခြေကနေ မိုင်(၂၇၀)လောက်အကွာမှာ အဲဒီသင်္ဘောပျောက်ဆုံးခဲ့တာဖြစ်ပြီး သင်္ဘောပျောက်ဆုံးခဲ့ပြီး နှစ်ပတ်အကြာမှာ ရှာ ဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အာဂျင်တီးနားအာဏာပိုင်တွေကရပ်ဆိုင်းခဲ့ပါတယ်။ ပြန်တွေ့ခဲ့ချိန်မှာ သင်္ဘောက အတ္တ လန္တိတ်သမုဒ္ဒရာရဲ့အောက်ခြေမီတာ(၈၀၀)လောက်မှာ နစ်မြုပ်နေတာပါ။ အခုနှစ်အစောပိုင်းက မလေးရှားနိုင်ငံမှာပျောက်ဆုံးခဲ့ တဲ့ (MH370)လေယာဉ်ကို နောက်ဆုံးရှာဖွေရေးလုပ်ငန်းလုပ်ခဲ့တဲ့ အိုးရှင်းအင်ဖန်နတီကုမ္ပဏီက လျှပ်စစ်ချို့ယွင်းချက်ရှိခဲ့တယ် လို့ နောက်ဆုံးသတင်းပို့ခဲ့တဲ့အခုသင်္ဘောကိုပြန်တွေ့ခဲ့တာပါ။ အပျက်အစီးတွေက မီတာ(၃၀)လောက်အထိပြန့်ကျဲနေတယ်လို့ သိရတဲ့အဲဒီသင်္ဘောကိုပြန်ဆယ်တင်ဖို့ ကျန်ရစ်သူမိသားစုတွေက တိုက်တွန်းနေပေမဲ့ အာဂျင်တီးနားအစိုးရဘက်က တစုံတရာ အကြောင်းမပြန်သေးပါဘူး။

 

 

Related News