နိုဝင်ဘာလ(၁၆)ရက်ကနေ (၁၈)ရက်အထိ တရုတ်နိုင်ငံ၊ ဖူရှန်မြို့မှာ အာရှချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။ တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်တောင်ပိုင်းက ဖူရှန်မြို့မှာ (၁၃)ကြိမ်မြောက် အာရှချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲကို နိုဝင်ဘာ လ(၁၆) ရက်က စတင်ကျင်းပခဲ့ပြီး လှေလှော်အသင်း(၃၀)က ပြိုင်ပွဲဝင်(၅၀၀)ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲမှာယှဉ်ပြိုင်သူတွေဟာ မီတာ (၂၀၀)၊ မီတာ(၅၀၀)နဲ့ မီတာ(၁၀၀၀)လှေလှော်ပြိင်ပွဲတွေမှာပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။ ပြိုင်ပွဲအ တွက်ယုံကြည်မှု အပြည့်ရှိနေတယ်လို့ ဖူရှန်မြို့က တရုတ်ထိပ်တန်းနဂါးလှေအသင်း“ရှန်ဒီလီကွန်း”ရဲ့ ခေါင်းဆောင်“ဖန်ဂေါင် ဂျင်း"က ပြောပါတယ်။ ပြိုင်ပွဲကို နိုဝင်ဘာလ (၁၈)ရက်မှာ ပိတ်သိမ်းခဲ့ပါတယ်။ နဂါးလှေလှော်ပြိုင်ပွဲဟာ ရှေးဟောင်းတရုတ်ယဉ်ကျေးမှုရဲ့ကိုးကွယ်မှုနဲ့ ဖျော်ဖြေမှုတို့ကို ဖော်ပြနေတဲ့ ပွဲတော် တစ်ခုဖြစ်ပါတယ်။ နဂါးလှေပြိုင်ပွဲတွေက နိုင်ငံတစ်ဝန်းကလူတွေ နဂါးလှေလှော်ပြိုင်ကြတဲ့ ဒွမ်ဝူးပွဲတော်ကာလနဲ့ ဆက်စပ်နေပြီး (၁၉၈၄)ခုနှစ်မှာ တရားဝင်အားကစားပြိုင်ပွဲတစ်ခုအဖြစ်သတ်မှတ်ခံထားရတဲ့ နဂါးလှေပြိုင်ပွဲတွေကို နိုင်ငံနဲ့ ဒေသစုစုပေါင်း(၈၇)ခုမှာ ကျင်းပခဲ့ကြပါတယ်။

 

 

 

 

 

 

 

Related News