အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဂလတ်စ်ဘိခ်ျလို့ခေါ်တဲ့ ကမ်းခြေတစ်ခုရှိပြီး အဲဒီကမ်းခြေကကျောက်လေးတွေဟာ သာမန်ကျောက်လေးတွေနဲ့မတူဘဲ သဘာဝ အတိုင်းဖြစ်နေတဲ့ရောင်စုံဖန်ကျောက်တွေနဲ့ လှပတဲ့ကမ်းခြေတစ်ခုဖြစ်နေပါတယ်။အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဂလတ်စ်ဘိခ်ျလို့ခေါ်တဲ့ ကမ်းခြေတစ်ခုရှိပါတယ်။ ဂလတ်စ်ဘိခ်ျဆိုတာက ဖန် သားကမ်းခြေလို့တင်စားခေါ်ဝေါ်တာဖြစ်ပြီး ဘာကြောင့် အဲဒီလိုခေါ်တာလဲဆိုရင် အဲဒီကမ်းခြေက ကျောက်လေးတွေဟာ သာ မန်ကျောက်လေးတွေနဲ့မတူဘဲ ထူးထူးခြားခြားတောက်ပနေပြီး ဖန်သားပုံသဏ္ဍာန်ဖြစ်နေတာကြောင့်ပါ။ ဒီကမ်းခြေဟာ မက်စ်ခါ ရီချာ ဥယျာဉ်ထဲမှာရှိပြီး ဖော့ဘရတ်ခ်ျမြို့နဲ့လဲနီးပါတယ်။

ဒီဖန်ကျောက်လေးတွေဘယ်လိုဖြစ်လာသလဲဆိုရင် ဖန်ကွဲစတွေ၊ ပန်း ကန်ပြားတွေ၊ သင်္ဘောအပျက်အစီးတွေ၊ ရေကရားတွေ၊ ပြတင်းပေါက်တွေ၊ ကားမှန်တွေနဲ့ ကြွေထည်ပစ္စည်းတွေနဲ့ သမုဒ္ဒရာထဲ မှာနှစ်ပေါင်းများစွာကြာအောင် ဓာတ်ပြုပြီးမှဖြစ်ပေါ်လာတာပါ။ ပုံမှန်အားဖြင့် ဒီဖန်ကျောက်လေးတွေဖြစ်ပေါ်ဖို့ နှစ်(၂၀)ကနေ (၄၀)လောက်အထိကြာမြင့်ပြီး တခါတရံမှာတော့ နှစ်(၁၀၀)လောက်အထိကြာမြင့်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။ ဖန်ကျောက်လေးတွေကို ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုတည်းမှာမဟုတ်ဘဲ ကမ္ဘာအနှံ့အပြားကနေရာတွေမှာလည်းတွေ့မြင် နိုင်ပါတယ်။ ဖန်ကျောက်လေးတွေရဲ့ အရောင်ကွဲပြားပုံကတော့ သူဓာတ်ပြုတဲ့ပစ္စည်းအရောင်အပေါ်မူတည်ပြီး ကွဲပြားသွားကြ တာပါ။

အများဆုံးမြင်တွေ့ရတဲ့ အရောင်တွေက အစိမ်းရောင်၊ အညိုရောင်၊ အဖြူရောင်နဲ့ အကြည်ရောင်တွေဖြစ်ပြီး အဲဒီအရောင် တွေက ဘီယာရောင်းတဲ့ကုမ္ပဏီတွေကထုတ်တဲ့ ဖန်ပုလင်းတွေ၊ အချိုရည်ပုလင်းတွေနဲ့ တခြားအဖျော်ယမကာ ပုလင်းတွေက တစ်ဆင့် ဖြစ်လာတာပါ။ ကျောက်စိမ်းရောင်နဲ့ ပယင်းရောင်တို့ကိုတော့ အနည်းစုသာမြင်တွေ့ရပြီး အဲဒီအရောင်တွေက ၀ီစကီပုလင်း တွေ၊ ဆေးပုလင်းတွေနဲ့ ဆေးရောင်ကျွတ်တဲ့ပုလင်းတွေကတစ်ဆင့်ဖြစ်လာပါတယ်။ ရောင်စုံရှိတဲ့ကျောက်လေးတွေ ထဲမှာ ရှားပါး လွန်းတဲ့အရောင်က ခရမ်းရောင်ဖြစ်ပြီး အဲဒီအရောင်က နွားနို့ပုလင်းတွေ၊ ကိုဗော့သတ္တု၊ အဆိပ်ဆေးပုလင်းတွေနဲ့ အနုပညာ လက်ရာတွေကတစ်ဆင့်ဖြစ်လာပါတယ်။ ဒီဖန်ကျောက်လေးတွေရှိတဲ့ ကယ်လီဖိုးနီးယားပြည်နယ်ကို လာရောက်လည် ပတ်တဲ့ ခရီးသွားတွေ (၁)နှစ်ကိုသောင်းချီရှိတယ်လို့သိရပါတယ်။ နွေရာသီလိုလမျိုးမှာတော့ တစ်ရက်ကိုခရီးသွား(၁)ထောင် ကနေ (၁၂၀၀)အထိရှိတာဖြစ်ပါတယ်။

 

 

Related News