ကျူးဘားနိုင်ငံမှာ ဇန်န၀ါရီလ(၁၁)ရက်က ဘတ်စ်ကားတစ်စီးတိမ်းမှောက်ခဲ့တာကြောင့် လူ(၇)ဦးသေဆုံးပြီး နောက်ထပ် ဒဏ်ရာရသူ(၃၃)ဦးဒဏ်ရာရခဲ့ပါတယ်။ကျူဘားနိုင်ငံ အရှေ့ပိုင်းမှာ ဘတ်ကားတစ်စီးတိုက်မှုဖြစ်ပွားခဲ့တာကြောင့် နိုင်ငံခြားခရီးသွားဧည့်သည်(၄)ဦးအပါအ၀င် လူ(၇)ဦး သေဆုံးပြီး လူဒါဇင်ချီဒဏ်ရာရခဲ့ပါတယ်။ နိုင်ငံခြားခရီးသွားဧည့်သည်(၂)ဦးက အာဂျင်တီးနားနိုင်ငံသားဖြစ်ပြီး နောက်ထပ်(၁)ဦး က ပြင်သစ်နိုင်ငံသားဖြစ်သလို ကျန်(၁)ဦးကတော့ ဂျာမနီနိုင်ငံသားဖြစ်ပါတယ်။ ဒဏ်ရာရသူ(၃၃)ဦးကတော့ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ နယ်သာလန်နဲ့ စပိန်နိုင်ငံတို့ကဖြစ်ပါတယ်။ အဲဒီဘတ်စ်ကားက  ဘာရာကိုရာမြို့ကနေ ဟာဗားနားမြို့ကို ဦးတည်မောင်းနှင်ခဲ့ပြီး ဂန်တာနာမိုမြို့အနီးမှာ ဇန်န၀ါရီလ(၁၀)ရက်က တိမ်းမှောက်ခဲ့တာပါ။

ဘတ်စ်ကားက ကျူးဘားနိုင်ငံပိုင် ဗီရာဇောကုမ္ပဏီကဖြစ်ပြီး နိုင်ငံခြားသား(၂၂)ဦးအပါအ၀င် စုစုပေါင်းခရီးသည်(၄၀)ဦးတင်ဆောင်ခဲ့တာပါ။ ဒဏ်ရာရသူတွေထဲက (၅)ဦး ဟာစိုးရိမ်ရတဲ့အခြေအနေမှာရှိပါတယ်။ ကျူးဘားအာဏာပိုင်တွေက ယာဉ်တိမ်းမှောက်ရတဲ့ သတင်းအချက်အလက်တွေ ရဖို့ ဆက်လက်စုံစမ်းနေပြီး ဒဏ်ရာရတဲ့ဗြိတိန်နိုင်ငံသား(၂)ဦးကိုအကူအညီပေးနေတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။ ကျူးဘားနိုင်ငံမှာ ယဉ်မတော်မှုတွေမကြာခဏဖြစ်ပေါ်လေ့ရှိပြီး (၂၀၁၂)ခုနှစ်ကလည်း ယာဉ် တိုက်မှုကြောင့် လူပေါင်း(၄၄၀၀)သေဆုံးခဲ့ပါတယ်။ 

 

 

 

Related News