မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းမှာ ဇန်န၀ါရီလ(၁၈)ရက်က ပေါက်ကွဲခဲ့တဲ့ လောာင်စာဆီပိုက်လိုင်းပေါက်ကွဲမှု ကြောင့် သေဆုံးသူဦးရေ(၉၁)ဦးရှိလာပြီလို့သိရပါတယ်။ ဇန်န၀ါရီလ(၁၈)ရက်က မက္ကဆီကိုနိုင်ငံအလယ်ပိုင်းမှာ လောင်စာဆီပိုက်လိုင်း(၁)ခုပေါက်ကွဲခဲ့တာကြောင့် ဇန်န၀ါရီလ(၂၁)ရက် မှာသေဆုံးသူ (၉၁)ဦးအထိရှိလာပါပြီ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း အစိုးရရေနံကုမ္ပဏီတွေရဲ့ ပေါက်ကွဲမှုဖြစ်စဉ်တွေထဲမှာ အခုဖြစ်ရပ် က အသေအပျောက်အများဆုံးဖြစ်ရပ်တွေထဲက (၁)ခုဖြစ်ခဲ့တယ်လို့ ပီမက်စ်ကုမ္ပဏီကပြောပါတယ်။ ဟီဒယ်ဂိုပြည်နယ်၊ လာဟူ လီပန် မြို့က ရေနံပိုက်လိုင်းအဆက်ကို ရေနံခိုးယူသူတွေကဖောက်ပြီး ပိုက်ဆက်နေရာမှာ လူဒါဇင်ချီက ကွန်တိန်နာတွေနဲ့စောင့်နေတုန်း အခုလိုပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ လောင်စာဆီခိုးယူမှုတွေကို ဖြိုခွင်းဖို့ ပြီးခဲ့တဲ့(၂၀၁၈)ခုနှစ်၊ ဒီဇင်ဘာလမှာ မက္ကဆီကို သမ္မတ အန်ဒရေ မန်နျူရယ် လိုပက်ဇ်က ပိုက်လိုင်းတွေကိုပိတ်စေခဲ့ပြီး ရာဇ၀တ်မှုဆိုင်ရာလှုပ်ရှားမှုတွေကို တားဆီးဖို့စတင်ခဲ့ပြီး နောက် မက္ကဆီကိုအလယ်ပိုင်းမှာ လောင်စာဆီပြတ်လပ်မှုတွေရှိခဲ့ပါတယ်။ ဇန်န၀ါရီလ(၂၁)ရက်မှာ လာဟူ လီပန်မြို့ အနောက် တောင်ပိုင်း မိုင်အနည်းငယ်အကွာမှာ ပိုက်လိုင်း(၁)ခုကို ရေနံခိုးယူသူတွေက ဖောက်ခဲ့ပေမဲ့ စစ်သားတွေက လျင်လျင်မြန်မြန် ပိတ်ဆို့နိုင်ခဲ့တယ်လို့ ဟီဒယ်ဂိုပြည်နယ် အုပ်ချုပ်ရေးမှူး အိုမာ ဖေရက်ဒ်ကပြောပါတယ်။ ဒီပေါက်ကွဲမှုကြောင့် နောက်ပိုင်းမှာသေ ဆုံးသူဦးရေ များလာနိုင်သေးတယ်လို့လည်း ဖေရက်ဒ်ကပြောပါတယ်။

 

 

Related News