စနနေ့မှာကျင်းပမယ့်နိုင်ဂျီးရီးယားသမ္မတရွေးကောက်ပွဲကိုရက်ရွှေ့လိုက်လို့ နိုင်ငံသားတွေစိတ်ပျက်နေကြပါတယ်။ ရွေးကောက် ပွဲအတွက် အစီအစဉ်တကျလုပ်နေတာတွေအဆင်မပြေလို့ အခုလ(၂၃)ရက်မှာကျင်းပဖို့ရက်ရွှေ့လိုက်တယ်လို့ နိုင်ဂျီရီးယားနိုင်ငံရဲ့ လွတ်လပ်သောအမျိုးသားရွေးကောက်ပွဲကော်မရှင်(INEC)က စနေနေ့အစောပိုင်းကထုတ်ပြန်ခဲ့တာပါ။ နိုင်ငံတ၀န်းမှာရှိတဲ့ မဲဆန္ဒရှင်တော်တော်များများက ရွေးကောက်ပွဲရက်ရွှေ့တာကိုမသိကြဘဲ နိုင်ငံအလယ်ပိုင်း၊ “ပလေတူး”ပြည်နယ်မှာဆိုရင် မဲပေးဖို့ မနက်(၆)နာရီလောက် မဲရုံရောက်လာတဲ့မဲဆန္ဒရှင်တွေက ရွေးကောက်ပွဲရက်ရွှေ့တာကို မဲရုံရောက်မှသိခဲ့ပါတယ်။ ရွေးကောက်ပွဲ ရက် မရွှေ့ခင်နာရီပိုင်းအလိုမှာ နိုင်ငံမြောက်ပိုင်း၊ “ကာဒူနာ”ပြည်နယ်မှာဘယ်အဖွဲ့အစည်းကမှန်းမသိတဲ့သေနတ်သမားတွေ ၀င်ပစ် သွားလို့ ကလေး(၂၂)ဦးနဲ့အမျိုးသမီး(၁၂)ဦးအပါအ၀င် လူ(၆၆)ဦးသေဆုံးခဲ့တယ်လို့ နိုင်ဂျီးရီးယားအာဏာပိုင်တွေက အတည်ပြုပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်မှာ နယ်မြေမတည်ငြိမ်စေဖို့ သေနတ်သမားတွေက ရည်ရွယ်ချက်ရှိရှိကြိုးပမ်းခဲ့တာလို့ ကာဒူနာပြည်နယ်အုပ်ချုပ်ရေးမှူး “နာဆာ အယ်ရူဖိုင်”ကပြောပါတယ်။ လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲဖြစ်လာဖို့ ရက် ရွှေ့လိုက် တာလို့ (INEC)ဘက်ကပြောပါတယ်။ အာဖရိကတိုက်အနောက်ပိုင်းမှာရှိတဲ့နိုင်ဂျီးရီးယားနိုင်ငံဟာ (၂၀၁၁)နဲ့(၂၀၁၅) ခုနှစ်တို့က သမ္မတရွေးကောက်ပွဲတွေမှာလည်း ထောက်ပံ့ပို့ဆောင်ရေးနဲ့လုံခြုံရေးစိုးရိမ်မှုတွေကြောင့် အချိန်ရွှေ့ခဲ့ပါတယ်။

 

 

Related News