လာမယ့်ဖေဖော်ဝါရီ(၂၇)ရက်နဲ့ (၂၈)ရက်တို့မှာကျင်းပမယ့် အမေရိကန်-မြောက်ကိုရီးယားထိပ်သီးဆွေးနွေးပွဲမတိုင်ခင် (၂)ရက် အလို ဖေဖော်ဝါရီ(၂၅)ရက်မှာ ဗီယက်နမ်နိုင်ငံကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ရောက်ရှိလိမ့်မယ်လို့ ရိုက်တာသ တင်းဌာနကဖော်ပြပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နဲ့ ထိပ်သီးဆွေးနွေးပွဲမကျင်းပခင်မှာ ကင် ဟာဗီယက်နမ်ခေါင်း ဆောင်တွေနဲ့တွေ့ဆုံသွားမှာဖြစ်ပြီး ဗီယက်နမ်ရဲ့ကုန်ထုတ်လုပ်ငန်းနဲ့ စက်မှုဇုန်တွေကိုလည်း လေ့လာသွားမှာပါ။ ကင် ရဲ့နျူက လီးယားအပြီးသတ်ဖျက်သိမ်းရေးကနေ ခိုင်မာတဲ့ကတိက၀တ်(၁)ခုကိုရဖို့ အမေရိကန်ဘက်ကမျှော်မှန်းနေပြီး ထိပ်သီးဆွေးနွေး ပွဲမှာ မြောက်ကိုရီးယားနဲ့ ဝေးကွာမှုကိုလျော့ချဖို့ ရည်ရွယ်တာလို့ ဖော်ပြခဲ့ပါတယ်။ အမေရိကန်-မြောက်ကိုရီးယား ပထမအကြိမ် ထိပ်သီးဆွေးနွေးပွဲကိုတော့ စင်ကာပူနိုင်ငံမှာကျင်းပခဲ့ပြီး သဘောတူညီချက်လက်မှတ်(၄)ခုကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ သ ဘောတူခဲ့တဲ့အထဲမှာ တောင်ကိုရီးယားနဲ့ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေကို ဖျက်သိမ်းသွားမယ်လို့ အမေရိကန်ဘက် ကကတိပြု ခဲ့တာနဲ့ နျူကလီးယားအပြီးသတ်ဖျက်သိမ်းသွားမှာနဲ့ ဒုံးကျည်စမ်းသပ်စခန်း(၁)ခုကိုဖျက်သိမ်းမယ်လို့ မြောက်ကိုရီး ယားဘက်က ကတိပြုခဲ့တာတွေပါဝင်ပါတယ်။

 

 

 

Related News